Episode ( 2 )

1.2K 92 5
                                    

[ Zawgyi ]
---------------

" morning အန်တီနု "

" morning ပါ သားရယ် "

" ဦးဟိန်းတောင် မနက်စာစားလို့ပြီးပြီပဲ ... ကျွန်တော် နည်းနည်း အိပ်ယာထနောက်ကျသွားတယ် "

လက်ချောင်းတွေဖြင့် လည်ပင်းကိုပွတ်သပ်လိုက်ရင်း အားတုန့်အားနာဆိုမိတော့ ထမင်းစားပွဲဝိုင်းမှ လူကြီး ၂ ယောက်စလုံးက သူ့ကိုပြုံးကာလှမ်းကြည့်ကြသည် ။

" ကိစ္စမရှိပါဘူး မောင်ရင် ... လေယာဉ်အကြာကြီးစီးလာခဲ့ရတာပဲ ပင်ပန်းနေမှာပေါ့ ... ဦးတို့ဆီမှာနေနေတုန်း ကိုယ့်အိမ်ကိုယ့်ယာလို့ပဲသဘောထား ဟုတ်ပြီလား ... သူစိမ်းတွေမှမဟုတ်တာ အားနာစရာမလိုဘူး ... သားကောင်းမြတ်ရဲ့သူငယ်ချင်းက ဦးတို့ရဲ့သားလိုပါပဲကွာ "

" ဒါပေါ့ သားရယ် ... သားရှိန် ဂျပန်မသွားခင်ကလည်း အန်တီတို့အိမ်မှာ အမြဲဝင်ထွက်သွားလာစားသောက်နေကျပဲမလား ... ခုလည်းအဲ့လိုပဲပေါ့ ... အန်တီတို့က သားအပေါ်အရင်တိုင်းပဲ သံယောဇဉ်ရှိတုန်း "

" ကျေးဇူးတင်ပါတယ် အန်တီနုနဲ့ဦး ... ကျွန်တော်လည်း ဦးဟိန်းတို့ကို ကိုယ့်မိဘဆွေမျိုးတွေလိုပဲ သဘောထားပါတယ် "

" ကောင်းတယ် ကောင်းတယ် "

စားပွဲမှာဝင်ထိုင်လိုက်ကာ ကျေးဇူးတင်စကားဆိုတော့ ဦးဟိန်းက ခေါင်းတညိတ်ညိတ်ဖြင့်ထောက်ခံသည် ။

အနေအေးတဲ့ ကောင်းမြတ်ရဲ့မိဘတွေက တကယ်ကိုမှခင်မင်ဖို့ကောင်းသော သူတွေပင် ။ သူ့ကိုလည်း သားတစ်ယောက်နီးပါးချစ်ရှာသလို တစ်ဦးတည်းသောသားဖြစ်သူကောင်းမြတ်နဲ့ညီအကိုတွေလိုပင် သတ်မှတ်ပေးထားတဲ့အထိ စိတ်ကောင်းစေတနာရှိကြသည် ။

မနေ့ညက စားသောက်ဆိုင်မှာညီနဲ့နူတ်ဆက်ပြီး ခြူးကိုတော့ ညီကပဲလိုက်ပို့ကာ သူကတော့ကောင်းမြတ်နဲ့အတူ သူငယ်ချင်းဖြစ်သူအိမ်သို့လိုက်ပါလာခဲ့၏ ။ သူရောက်လာတော့လည်း ဦးနဲ့အန်တီက သူ့ကို အရင်လိုလှိုက်လှိုက်လှဲလှဲကြိုဆိုပေးကြတုန်း ။

မိသားစုဆိုတာ သွေးသားရင်းချာ ဆွေမျိုးသားချင်းဖြစ်နေမှမဟုတ်ပါဘူး ... နှလုံးသားချင်းရင်းနှီးနွေးထွေးပြီး တစ်ယောက်အပေါ်တစ်ယောက် ခင်မင်သံယောဇဉ်ရှိကြရင် သွေးမနီးတဲ့သူစိမ်းတွေကလည်း ကိုယ့်ရဲ့မိသားစုဖြစ်လာနိုင်တယ် ... ။ တစ်ချို့တွေအတွက်တော့ မိသားစုဝင်တွေက သူစိမ်းတွေလိုဖြစ်နေပြီး သူစိမ်းတွေကမှ ကိုယ့်ရဲ့မိသားစုဝင်တွေအတိုင်း ခံစားရစေတာမျိုး ။

သီအိုရီမဲ့သော ... ချစ်ခြင်းပုစ္ဆာဝယ် [ ZG & Uni ] သီအိုရီမဲ့သော ... ချစ်ခြင်းပုစ္Where stories live. Discover now