Episode ( 3 )

907 84 8
                                    

[ Zaygyi ]
--------------

Knock ! Knock ! Knock

ခုတင်ပေါ်မှာလှဲနေရာကနေ တံခါးခေါက်သံကြားရ၍ ထဖွင့်ပေးလိုက်တော့ ကောင်းမြတ် ။

ညစာစားချိန်တုန်းက စကားနည်းနေတဲ့သူ့ကို သတိထားမိပြီး လှမ်းလှမ်းကြည့်နေကတည်းက ကောင်းမြတ် သူ့အခန်းဆီသို့မေးမြန်းဖို့ရောက်လာတော့မယ်ဆိုတာ ရှိန်ဝါ ကြိုသိပြီးသား ။

ဒီနေ့ညနေပဲ ပဲခူးမှ ပြန်ရောက်ပြီးကတည်းက သူ့စိတ်တွေရူပ်ထွေးနေကာ မည်သူနဲ့မှလည်းဟက်ဟက်ပက်ပက်စကားမပြောချင် ။ ဒါကြောင့်လည်း ညစာ စားပြီးပြီးချင်း ပဲ အခန်းထဲတန်းဝင်ခဲ့တာဖြစ်သည် ။

" နေ့ခင်းတုန်းက အပြင်သွားသေးတယ်ဆို … ဖေဖေပြောလို့သိတာ "

ကုတင်စွန်းမှာထိုင်လိုက်ရင်း ခေါင်းအသာညိတ်ပြတော့ သူနဲ့မျက်နှာချင်းဆိုင် စာကြည့်စားပွဲမှခုံတွင် ကောင်းမြတ်ကဝင်ထိုင်သည် ။

" မျက်နှာမသာမယာဖြစ်နေပုံထောက်ရင် သေချာပေါက် မင်းအမေဆီသွားတာပဲဖြစ်ရမယ် "

ဒီတစ်ခါလည်း သူ ခေါင်းပဲညိတ်ပြလိုက်တော့

" ပြောပါအုံး … ဘာအဆင်မပြေဖြစ်လာလို့လဲ ? ထုံးစံအတိုင်း လူမထွက်မဲ့ကိစ္စနဲ့ပဲလား "

" ဟင်းးး "

သက်ပြင်းရှည်တစ်ခုချရင်း စိတ်မပါလက်မပါဖြင့် ခေါင်းခါပြလိုက်သည် ။

" ဒီတစ်ခါက လူမထွက်ဖြစ်တာထက်ဆိုးတယ် "

သူ့စကားကြောင့် စိတ်ဝင်တစားဖြစ်သွားတဲ့ကောင်းမြတ်က ကိုယ်ကိုမတ်မတ်ထိုင်လိုက်ပြီး အလေးအနက် အာရုံစိုက်ကာနားထောင်နေ၏ ။

" ရာသတ်ပန် ဖွားသီလရှင်ဝတ်တော့မလို့တဲ့ "

" ဟေ "

" အင်း … အဟက် ! အဲ့ဒါ ငါပြန်လာမဲ့အချိန်ကိုစောင့်နေတာတဲ့လေ … ငါ့ကိုအသိပေးချင်လို့ "

ဘယ်လိုစကားလုံးမျိုးနဲ့နှစ်သိမ့်ပေးရမှန်းမသိဖြစ်သွားတဲ့ ကောင်းမြတ်ခမျာ မျက်နှာမသာမယာဖြင့် နူတ်ဆိတ်ကာ သူ့ကို နားလည်တယ်ဆိုသော မျက်ဝန်းများနှင့်ပင် ငေးကြည့်နေသည် ။

သီအိုရီမဲ့သော ... ချစ်ခြင်းပုစ္ဆာဝယ် [ ZG & Uni ] သီအိုရီမဲ့သော ... ချစ်ခြင်းပုစ္Nơi câu chuyện tồn tại. Hãy khám phá bây giờ