ပြိုင်ကားအဝါလေးကို ရှေ့တည့်တည့်ကနေရပ်ထားတာကြောင့်...ရှေ့ကိုသွားမရ...ရုံးဆင်းလာလို့မတွေ့လိုက်ဘူးလို့ မပို့ရသေးဘဲ ပြန်သွားရင်BossJအထောင်းခံရမယ့်yoongi....
"တောက်...ကားကိုဘယ်လိုရပ်ထားတာလဲကွာ...အရှေ့ကြီးမှာ...."
ဒေါက်....ဒေါက်....ဒေါက်...
"ဘာလဲကွာ...တံခါးလာခေါက်နေတာ ဘယ်ကကောင်လဲ..."ဆိုကာ မှန်ချလိုက်တော့....
အနက်ရောင်ဝတ်စုံနဲ့လူ အသားဖြူဖြူကထင်းလို့....မျက်နှာလေးကလည်း ဖက်ထုပ်လေးလိုပဲ ချောတာကတော့...နှစ်ခါပြန်ငေးရမယ့်ရုပ်မျိုးပဲ....ကျွန်တော်နဲ့အရပ်သိပ်မကွာလောက်ဘူး...ရှည်လဲနည်းနည်းပေါ့....တံခါးလာခေါက်တဲ့လက်တွေဆို ဖြူလွန်းပြီးလက်ဆစ်နေရာလေးတွေရဲလို့....တော်တော်လေးကြည့်ကောင်းတဲ့သူပါ...ကျွန်တော်ကိုရီးယားပြန်လာတာ မှန်သွားပြီ...
အတွေးထဲနစ်နေတုန်း...နားထဲဖြတ်ဝင်လာတဲ့ ထိုလူရဲ့အသံသြသြလေး....
"ဒီမှာ မင်းကားရွေ့ပေး...ရှေ့မှာပိတ်မနေနဲ့..."
ဘာလေးလည်းမသိဘူး...ကြက်ပေါက်ရုပ်နဲ့ လူကိုလာကြည့်နေသေးတယ်...
"ဘာလို့ဖယ်ရမှာလဲ....မဖယ်နိုင်ဘူး...."
"ကျစ်...လာစားနေတယ်...မင်းရွှေ့မလား ဝင်တိုက်ရမလား.."
"ဘာ!!!ခင်များ.တိုက်ကြည့်လေ...သတ္တိရှိရင်..."
"Ok...."ဆိုပြီး...ကားပေါ်ပြန်တက်သွားတဲ့လူကြီး....
ကျွန်တော်လည်း ဘေးမှန်ထဲကကြည့်နေလိုက်တော့....မီးတွေလင်းလားပြီး....ကားစက်နိူးနေပုံပဲ....ရုပ်တရက်....
ဒုန်း....
"အ့.....ဟာ...ဒီလူ....တကယ်တိုက်ပစ်တယ်....ရူးနေလားမသိဘူး...."
"ဟက်...မင်းလေးစွာတာ...လူမှားသွားပြီ...."
ကြက်ပေါက်လေးဒေါသမီးထွက်လေတော့....ကားထဲကဆင်းလာပြီး...
ဒေါက်....ဒေါက်....
"တံခါးဖွင့်လေ..."
"ဘာလဲ...ရွှေ့တော့မလား...ဟင်..."
"ခင်များ!!!!..."
"မရွှေ့သေးဘူလား...."
ဒုန်း....ဒုန်း.....
