ရှန်ယန်းက ကျန်းရုံရဲ့လက်ကိုအားစိုက်ပြီးဆွဲထူလိုက်ပေမယ့် ကျန်းရုံကတော့သူမကို ပိုမိုအားစိုက်ပြီးဖက်တွယ်ထားတာကြောင့် ရှန်ယန်းအနေနဲ့မျှော်လင့်ချက်မဲ့စွာပြောဖို့ပဲတတ်နိုင်တော့တယ်။

" အစ်မကျိုး .. နောက်ဆုံးအကြိမ်အဖြစ်နဲ့လောင်းကြေးကိုပြန်ပြောင်းပေးလို့ရမလား"

ဒီတစ်ကြိမ်မှာတော့ ဝမ်ဖန်းက ရယ်ရယ်မောမောနှင့်ဝင်ပြောလာခဲ့တယ်။

"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် လောင်းကြေးကိုပြောင်းလိုက်ရအောင်လေ .. ကျွန်တော် အစ်မရဲ့ကုမ္ပဏီကိုထပ်လာပြီး နှုတ်ဆက်စကားတွေ အလုပ်ကြိုးစားဖို့အကြောင်းတွေထပ်ပြောပေးနိုင်ပါတယ် "

" ကျွန်မတို့ ညစာလည်း ဒကာခံနိုင်ပါတယ်"
ကျန်းရုံကထပ်ပေါင်းပြီးပြောလာတယ်။

သို့ပေမယ့်ကျိုးရိုကတော့ တိုက်ရိုက်ပဲပယ်ချလိုက်လေတယ်။

"မရဘူး"

ဒါကမဖြစ်နိုင်ဘူးလေ .. မင်းအနေနဲ့တူညီတဲ့အကြံအစည်တွေကိုလုပ်လို့မရနိုင်ဘူး။ မနက်ခင်နှုတ်ဆက်တာနှင့် အလုပ်ကြိုးစားဖို့အားပေးတာတွေက နောက်တစ်ကြိမ်ထပ်လုပ်မယ်ဆိုပျော်စရာကောင်းတော့မှာမဟုတ်ဘူး။

ကျိုးရို ပိုပြီးခက်ခဲတာတွေကိုတွေးလိုက်တယ်။ သူမအနေနဲ့ကုမ္ပဏီမှာရှိနေတဲ့ဘော့စ်ထံသို့ မနက်ခင်းနှုတ်ဆက်ဖို့နှင့် အလုပ်ကြိုးစားဖို့စေလွှတ်လိုက်သင့်လား။

ကျိုးရို တွေးတောနေတာကိုမြင်တော့ သူသာကျန်းရုံရဲ့နည်းလမ်းအတိုင်း လုပ်မယ်ဆိုရင် လွတ်မြောက်ဖို့လမ်းစရှိလောက်မလားဆိုပြီး ဝမ်ဖန်းတွေးတောလိုက်မိတယ်။

ကျန်းရုံက သူနဲ့စာချုပ်ချုပ်ဆိုထားတဲ့အနုပညာရှင်ပဲ။ ဒီတော့ ဝမ်ဖန်းအနေနဲ့ကျန်းရုံကိုနှုတ်ထွက်စေချင်တဲ့ဆန္ဒမရှိဘူးဆိုတာသဘာဝကျတယ်လေ။

ကျန်းရုံကထပ်ပြီးတောင်းပန်ပြန်တယ်။

"အစ်မယန်ယန်း ကျွန်မတကယ်ပြိုင်ပွဲကနေနှုတ်မထွက်ချက်လို့ပါ ..."

ထိုတောင်းဆိုမှုတွေကြားထဲမှာ ရှန်ယန်းသည်လည်းနှုတ်ပိတ်ပြီးနေဖို့မတတ်နိုင်တော့ဘူး။

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now