သူ့စိတ်တိုင်းကျ ပန်းရောင်ကြိုက်တတ်သူမို့ ပန်းရောင်coatနဲ့ဆင်စွယ်ရောင်suitလေးပြင်ဆင်ပေးထားတယ်....ဖိနပ်ကအစLV brandကိုရွေးဝယ်ပေးခဲ့တယ်....သူသုံးနေကြရေမွှေးလေးလည်း ပြင်ဆင်ပေးထားတော့ သူဆင်းလာတဲ့အချိန် ဆာကူရာပန်းခင်းထဲက ပန်းနုရောင်နတ်သားလေး ကျွန်တော်ဆီရောက်လာသလို.....
"Mornnig...မင်းနဲ့လိုက်တယ်...."
"ကျေးဇူးပါ....မင်းစောင့်နေတာ ကြာပြီလား...သွားမယ်လေ...."
"သွားတော့မလို့လား....မနက်စာရော..."
"ရုံးရောက်မှပဲစားတော့မယ်...သွားကြမယ်နောက်ကြမှာစိုးလို့..."
"Okသွားမယ်...လာလေ....တက်..."ဆိုကာ ကားတံခါးဖွင့်ပေးလာတဲ့သူ....
အနက်ရောင်ဟာခေါင်းအစခြေအဆုံးထိဖုံးထားပေမယ့်....အဖြူရောင်သူ့နှလုံးသားလေးက အရောင်တလက်လက်နဲ့.....ချောမောမူကလည်း အပြစ်ပြောစရာမရှိ....သူ့မျက်နှာပေါ်က အမာရွတ်လေးနဲ့ မှည့်တွေတောင် မနာလိုဖြစ်မိတယ်....
ကားပေါ်ရောက်တာနဲ့ သူနဲ့ကျွန်တော်ကနောက်ခန်းမှာ...လေထုဟာတိတ်ဆိတ်လို့ပေါ့....Jeon jungkookတဲ့သိပ်မိုက်တဲ့နာမည် သူနဲ့လိုက်ဖက်တယ်....သူ့ကြည့်ရတာစကားနည်းပုံပဲ.....လက်ပိုက်အနေအထားနဲ့ မတ်မတ်ကြီးမျက်လုံးတွေမှိတ်လို့.....သူကကျွန်တော့်ထက်ငယ်ပေမယ်....သူ့နားမှာကျွန်တော်ကသေးငယဘ်သွားသလိုပဲ....မသိရင်
ပန်းရောင်ကောင်လေးနားက.....သူ့ချစ်သူလူစွမ်းကောင်းကြီးလိုပဲ.....
တိတ်ဆိတ်မူကိုပဲ ကျွန်တော်ကပဲ ဖြိုခွင်းလိုက်တယ်....
"မင်းကဘာအလုပ်လုပ်တာလဲ...."
"ကိုယ်လား...အခုမှလုပ်မလို့..."
"ဟမ်!!!...."
လန့်သွားတာပဲ စကားကလည်း အနှောင်အသွားမလွတ်......တဖြည်းဖြည်းခါးကိုင်းကာ ကျွန်တော်နားကပ်လာတာ ရူးတော့မှာပဲ....
"မင်းလေးကဘာတွေတွေးနေတာလဲ....ဟင်...."
ခန္ဓာကိုယ်လေးကကျုံလို့ ဘာတွေတွေးနေသလဲ....
"မတွေးပါဘူး...."
ရူးချင်လာပြီ....သူအနားနီးလာလေ...ကျွန်တော့်ရင်ဘတ်ကြီးက ပေါက်ထွက်တော့မယ်...
