Chapter - 18 (U+Z)

Start from the beginning
                                    

သူ​နောက်ထပ် ဘာကိုမှ မ​တောင်း​ဆို​တော့ဘူး

တကယ်​တော့ စုလင်းအ​နေနဲ့လည်း ကုလီဟန်ကို အချိန်​​တော်​တော်ကြာ မ​တွေ့ရမှာကို စိုးရိမ်​နေခဲ့အပြင် သူ့အတွက် အချစ်ပြိုင်ဘက်​တွေ တစ်​နေရာရာက ထ​ပေါ်လာမှာကိုလည်း ​ကြောက်​နေခဲ့ရသည်ပင်။ သူ့နတ်ဘုရားကသာ သူ့အနားမှာ ရှိ​နေမယ်ဆိုရင်​တော့ ပို​ကောင်း​ပေသည်။ ထပ်​ပေါင်းရ​သော် စိတ်ဝိညာဥ်ပင်ရှာခြင်းဆိုသည်မှာ Villaမှာ ​နေရသည်နှင့်မတူ​ပေ။ သူတို့ ၂ဦး ရဲ့ အတူရှိ​နေချိန်​တွေ သိသိသာသာ ပိုတိုးလာ​ပေလိမ့်မည်။

စုလင်း ချက်ချင်းကို ပြန်​ဖြေလိုက်သည်။

"ရတာ​ပေါ့"

သူ သိလိုစိတ်ပြင်းပြစွာ ​မေးလိုက်​သေးသည်။

"ခင်ဗျား​က တစ်ခြား ထိပ်တန်းSအဆင့် စိတ်ဝိညာဥ်ပင် ရှာ​နေတာလား?"

ကုလီဟန် ခဏမျှ ငြိမ်သက်သွားရသည်။ ​ကောင်ငယ်လေးရဲ့ ကြည်စင်​နေ​သော မျက်ဝန်း​လေးများကို ရင်ဆိုင်မိလိုက်​တော့ သူ လုံးဝကို မညာ​ချင်တော့​ပေ။ သို့​သော် သူ့ရဲ့ အ​ခြေအ​နေကိုလည်း ​ကောင်​လေးကို မသိ​စေချင်​ပါ​ချေ။ ထို့​ကြောင့် သူ မ​ရေမရာသာ ပြန်​ဖြေလိုက်သည်။

"မဟုတ်ပါဘူး။ ကိုယ် နည်းနည်း စိတ်​ပြေလက်​ပျောက် အနားယူချင်လို့။ ဒီတစ်​လျှောက်တွင်းလည်း အဆင်မြင့် စိတ်ဝိညာဥ်ပင်​တွေ ကိုယ် ကူပြီး ရှာ​ပေးလို့ရတယ်​လေ။ အဲ့​တော့ အဆင်သင့်သွားတာ"

စုလင်း ပြုံးလိုက်ရင်း သ​ဘောတူ​ကြောင်း  အားတက်သ​ရော် ​ခေါင်းငြိမ့်​လေသည်။

"ဟုတ်တယ် ဟုတ်တယ် ခင်ဗျား တကယ်ကို အနားယူသင့်တယ်။ ဒါ​ပေမဲ့ ခင်ဗျား အရင်ရက်​တွေက အလုပ်​တွေ များ​နေခဲ့တာမလား? အပြင်သွားဖို့ အချိန်​ကော ရှိရဲ့လား?"

ကုလီဟန် ​ခေါင်းငြိမ့်လာသည်။

"ကိုယ့်မှာရှိ​နေတဲ့ အ​ရေးကြီးတဲ့အလုပ် နည်းနည်းကို ​သေချာ ကိုင်တွယ်ပြီးပြီ။ အဲ့​တော့ ကိုယ်​ ၃လ အားလပ်ရက်ရတယ်။"

စုလင်း: "အဲ့ဒါဆို ခင်ဗျား အလုပ်​တွေရှုပ်​နေခဲ့တာ အားလပ်ရက် ​ကြောင့်​ပေါ့?"

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now