"ပူလာလို့လေ...."
သူ့နူတ်ခမ်းလေးက အစပ်ကြောင့်ထင်တယ် ရဲတက်လာပြီးပုံမှန်ထ်ကဖူးကြွလာတော့....ထိန်းထားတဲ့စိတ်အစုံက ရုန်းထွက်လာကာ ရေငတ်လသလိုခံစားချက်ကြီးနဲ့အတူ.....
"ရော့...ရေသောက်လိုက်....ခဏနေပြန်မယ်လေ...."
သူ့ကြည့်ရတာတစ်မျိုးပဲ တစ်ခုခုကိုထိန်းချုပ်နေသလိုမျိုး...
။စ"အင်း....မင်းစားပြီးမှပြန်တာပေါ့..."
သူစားသောက်တဲ့တစ်လျှောက်ကျွန်တော်မျက်နှာလွှဲထားတဲ့အထိပဲ ...ဆက်ကြည့်နေမိရင် ရူးပစ်ချင်တဲ့စိတ်ကအစိုးတာမဟုတ်....
စားသောက်ပြီးတာနဲ့ ကားမောင်းကာအိမ်ကိုပြန်ခဲ့ကြတယ်....အိမ်ပြန်ရောက်တာနဲ့ ဆိုဖာပေါ်ထိုင်ကာ ငြိမ်နေလေတဲ့အလှလေးက တစ်ခုခုလိုချင်နေသေးပုံ....
"ခနလေးထိုင်ဦးနော်..."
"အင်း.."
သူအလျင်လိုနေပုံပဲ မီးဖိုချောင်ထဲဝင်သွားပြီး ခဏနေတော့ သရက်သီးတွေလှီးထားတဲ့ပန်းကန်လေးနဲ့ နွားနို့ဗူးလေးယူရှာတဲ့ တက်တူပိုင်ရှင်လေး...မထင်ထားလောက်တဲ့ပုံစံနဲ့ကို မျက်လုံးဝိုင်းလေးက ဂရုစိုက်ပေးတယ်....
"ရော့....မင်းစပ်နေသေးတယ်မို့လား....စားလိုက်..."
ဖူးကြွပြီးယောင်နေတဲ့နူတခမ်းလေးက အစပ်ကြောင့်ကိုယ်ကြောင့်ဖြစ်တဲ့တစ်နေ့ဒီထက်ပိုလှမှာ....
"ကျေးဇူးပဲ...."
"အင်း..."
"ငါ့နာမည်Kim seokjin...မင်းကရော..."
"ကိုယ့်နာမည်Jeon jungkook..."
"မင်းကငါ့ထက်အသက်ငယ်မယ့်ပုံပဲကို ဘာလို့မင်းနဲ့ငါလို့သုံးတာလဲ..."
"ကိုယ်မင်းထက်ငယ်ပေမယ့် မင်းကကိုယ့်ထ်ကနုနေတယ်လေ....ကလေးလေးလိုပဲ..."
"ငါက....ကလေး..ဟား..ဟား..."
"အင်း...ဟုတ်တယ်...ကိုယ့်အတွက်ကလေးလေးပဲ..."
မကြားအောင်တိုးတိုးလေးပြောရင်း ရယ်မောနေတဲ့လူသားလေးကို အသဲယားလာတော့တယ်......
"မင်းနားတော့လေ....ကိုယ်တို့မနက်ဆိုးလ်ပြန်ရမယ်....မင်းအလုပ်နောက်ကျတာမကြိုက်ဘူးမို့လား....စောစောပြန်ပို့ပေးမယ်....နားတော့.."
