" ဟုတ်တယ် ဦးဦးကို မသိစေနဲ့တဲ့။ ပြီးတော့ အဲ့လူကြီးကိုလည်း ပြန်လွှတ်လိုက်တဲ့ အဲ့လူကြီးကိုမြင်ပြီး ဦးဦး က စိတ်ထိခိုက်သွားလိမ့်မယ်တဲ့ "

" အဲ့လူကြီး ?? "

" ဟုတ်တယ် ဒယ်ဒီသူငယ်ချင်းကိုပြောတာပဲ အသားညိုညိုနဲ့လေ "

ပေါက်စရဲ့စကားအဆုံး သူဘုရားပေါ်က ဆင်းကာ Kyungsoo အိမ်သို့ အပြေးတစ်ပိုင်းသွားတော့သည်။ ဘယ်သူလဲ ဘယ်သူမို့လို့ သူ့ကိုပေးမသိရတာလဲ။ ပေါက်စ စကားတွေက မပြည့်စုံပေမဲ့ သူအဲ့စကားတွေရဲ့အဓိပ္ပါယ်အတိမ်အနက်ကို နားမလည်နိုင်တဲ့အထိတော့မဟုတ်သေး။ လမ်းတစ်လျှောက် သူတွေးလာသော်လည်း စိတ်လှုပ်ရှားနေတာကြောင့် သူ့ခေါင်းထဲ ဗလာဖြစ်လို့နေသည်။

-----

" မင်း Baekhyun မလာခင်ပြန်သင့်ပြီ ။ ဒီနေရာက မင်းကို မကြိုဆိုဘူး ။ "
Kyungsoo ရဲ့ ရင့်သီးတဲ့စကားတွေကြောင့် Chanyeol တားဖို့လုပ်လိုက်သည်။

" ငယ် အဲ့လောက်ထိလုပ်ဖို့မလို... "

" ဝင်မပါနဲ့ ကိုကို!! ။ ကိုကိုဘာသိလို့လဲ Baek က ကျွန်တော်တို့ကြောင့်သာ ဘာမှမဖြစ်ချင်ယောင်ဆောင်နေတာ သူ့ရင်ထဲမှာ ဒဏ်ရာတွေနဲ့ကိုကိုရဲ့။ သူ့ကိုသာ မြင်ရင် Baek ကပျော်သွားမယ်ထင်လား ။ မဟုတ်ဘူး သူက ပိုလို့တောင်လက်ခံနိုင်မှာမဟုတ်ဘူး ။ "

ပြန်ရလိုက်တာက ဒေါသတကြီး ဆူပူမှုတစ်ခုသာ။ ငယ် အရမ်းကို သွေးပူနေတာကြောင့် သူဆက်မပြောဖို့တွေးလိုက်သည်။ မဟုတ်ပါက အပျက်ပျက်နဲ့နှာခေါင်းသွေးထွက်တော့မည်။ တကယ့်ကို စိတ်ရှုပ်စရာပါလား။

" အဲ့တာက ဘာတွေဖြစ်နေတာလဲ "

ခြံဝက စကားသံကြောင့် Chanyeol ခေါင်း မိုးကြိုးပစ်ချလိုက်သည်နှယ်။ သွားပြီ သူ့ရဲ့ငယ်ကို ချော့လို့ရမည်မဟုတ်တော့။ ဘယ်ကောင်က Baekhyun ကိုသွားခေါ်တာလဲ ။ သိလို့ကတော့ ခြေနှစ်ချောင်းကနေကိုင်ပြီး ရွာပြင်လွှတ်ပစ်မယ် နေနှင့်အုံးပေါ့ကွာ။

ခြံဝကနေ တစ်လှမ်းချင်းဝင်လာတဲ့ Baek ကိုကြည့်ပြီး ခြံထဲက လူတွေအကုန်လုံး သတိအနေထားနှင့်ဖြစ်နေကြသည်။ သို့သော်လည်း တစ်စုံတစ်ယောက်ကတော့ ဝင်လာတဲ့ Baekhyun ကိုသာ စိုက်ကြည့်နေသည်။ Baekhyun သည်လည်း ထိုလူကိုကြည့်နေသော်လည်း။ ခေါင်းထဲမှာ အပြေးအလွှားမေးခွန်းထုတ်နေမိသည်။ ထိုသူက ဘယ်သူလဲဟုပင် သူသိပ်ချစ်ရတဲ့ လူသားနဲ့ တစ်ပုံစံထဲတူနေသော်လည်း သူ့ဝဲဘက်ရင်အုံကတော့ လှုပ်ရှားမှုမရှိပါချေ။ ထိုအရာကိုကြည့်ခြင်းအားဖြင့် ထိုလူက သူချစ်ရတဲ့သူမဟုတ်ပေ။

ကိုယ့်ရဲ့အသည်းတစ်ခြမ်းလေး(U+Z)Место, где живут истории. Откройте их для себя