"သွားမယ်လေ....တစ်ခုခုစားရအောင်.."
"အင်း..."
ကျွန်တော်တို့နှစ်ယောက်လုံး စားသောက်ဆိုင်လေးတစ်ဆိုင်ဆီ ဦးတည်လာခဲ့တယ်....
ဆိုင်ကတော့...ကြီးကြီးကျယ်ကျယ် တောက်တောက်ပြောင်ပြောင်နဲ့....လင်းလင်းထင်းထင်းရယ်...
"မင်းဒီဆိုင်မှာ...စားမလို့လား..."
ကျွန်တော်ကချမ်းသာတယ်ဆိုပေမယ့်....လမ်းဘေးစာသိပ်ကြိုက်တာ....
"မင်းမကြိုက်ရင် တစ်ခြားနေရာသွားတာပေါ့...."
ကောင်လေးကြိုက်မယ်ထင်မဲ့ ဆိုင်ရွေးပေမယ့်....သူကသဘောမကျဘူးတဲ့လေ....
ကားလေးကမောင်းလာရင် တစ်နေရာရောက်တော့...
"ရပ်....ကားရပ်....ဒီမှာကားရပ်လိုက်...."
တော့ပိုကီဆိုင်လေးတစ်ဆိုင်
အသံဆာဆာနဲ့ချစ်ရတဲ့လူသားလေးကအော်လေတော့....
"ဟိုမှာ..တော့ပိုကီစားမလို...."တဲ့လေ
"လမ်းဘေးမှာစားမလို့လား...."
ကျွန်တော်ရဲ့CEOလေးက လမ်းဘေးဆိုင်မှာစားမှာတဲ့လေ.....ဆိုင်ကြီးမှာမစားဘဲ လမ်းဘေးမှာ အငွေ့တထောင်းထောင်းထနေတဲ့ တော့ပိုကီဆိုင်တဲ့ ထူးထူးဆန်းဆန်းကြိုက်တတ်တဲ့လူသားလေး
"ဘာလို့လဲ....မင်းအတွဥရက်အဆင်မပြေလို့လား..."
"မဟုတ်ပါဘူး...လာလေ...ဆင်းရအောင်...."
ကိုယ့်အတွက် ပထမဆုံးလာဖူးတဲ့နေရာမို့မထိုင်ချင်ပေမယ့်....သူ့အတွက်ဆိုငရဲတောင်သွားပေးမယ့်ကိုယ်က သူ့စိတ်တိုင်းကျပေါ့...
"အင်း....သွားမယ်...."ဆိုကာ...ဘောင်းဘီအတိုလေးနဲ့ CEOလေး ပြေးပြေးလွှားလွှား....
ဆိုင်ထဲရောက်တာနဲ့....အစားသရဲလေးက နူတ်ခမ်းလေးထော်လို့မှာနေပြန်ရော.....
"ဒေါ်ကြီး....တော့ပိုကီအစပ်နှစ်ပွဲ....ငါးအသားချောင်း ဆယ်ချောင်း....ပြီးတော့...ထမင်းလိပ်နှစ်ပွဲ....အဲ့ဒါတွေချပေးပါ...."
"မင်းအဲ့ဒါတွေ အကုန်စားနိုင်တာလား...."
မှာတာများနည်းနည်းလား....အများကြီးရယ်...
"မင်းရောစားလေနော်..."တဲ့ ကျွန်တော်နဲ့သူတွေ့ထဲက သူစပြုံးတာ ဒါပထမဆုံးပဲ....သိပ်လှတယ်....မင်းတော့...ကိုယ့်ကိုရူးအောင်လုပ်နေတာလား.....
