ကိုယ့်အိမ်ကိုယ်ယာပေါ်မှာ...ကိုယ့်ကိုအမိန့်ပေးရဲ့ လူသားလေး....
"ကောင်းပါပြီ....မင်းစိတ်ကြိုက် အကုန်လုံးရတယ်...."
တကယ်ဗျာ...မင်းနဲ့ချစ်ရရင်တော့ အဲ့နူတ်ခမ်းလေးကိုအရင်အပြစ်ပေးမယ်
"ကျေးဇူးပဲ...မင်းသွားတော့...အခန်းထဲကထွက်တေ့ာ.."
"ကောင်းပါပြီ...မင်းအေးဆေးနေပါ...မင်းပြီးရင်ဆင်းလာခဲ့လေ...တစ်ခုခုသွားစားတာပေါ့.."
"အင်း.."
ကျွန်တော်သူ့အကြောင်းမသိဘူး....နာမည်တောင်မသိတဲ့ကျွန်တော်တို့ကြားမှာ ရင်းနီုးမူကအတိုင်းအတာနဲ့....မိတ်ဆက်မူတွေမရှိဘဲ....စကားတွေပြောတယ်....သူ့အိမ်ထိလိုက်လာပြီး...သူ့အိပ်ရာ သူ့အဝတ်အစား သူ့အရာအားလုံးကို ကိုယ်ကအသုံးပြုခွင့်ရှိနေတယ်....ကိုယ်ကအခွင့်ထူးခံပဲလားမသိ....သူဂရုစိုက်လေးခံရတယ်....ကြောက်စရာကောင်းတဲ့ဖြစ်တည်မူလေးက ကိုယ့်အတွက်တဖြည်းဖြည်းရောင်မှိန်နေခဲ့ပြီ.....
"Yoongi....ငါတို့ဒီညဒီမှာပဲနားမယ်.."
"ဟုတ်ကဲ့....Boss"
"ပြီးတော့....ခဏနေငါတို့တစ်ခုခုသွားစားမယ်....မင်းနေခဲ့..."
"ဖြစ်ပါ့မလား...နှစ်ယောက်တည်းဆို..."
"ဖြစ်တယ်....ငါ့ဘာသာမောင်းသွားမယ်...."
"ဟုတ်ကဲ့ပါ..."
Yoongiကိုပြောပြီးတာနဲ့ အခန်းထဲဝင်ကာရေမိုးချိုးလိုက်တယ်.....သူလေးလည်းရေချိုးပြင်ဆင်နေမှန်းမှာသေချာတယ်....
"သူဆင်းမလာသေးဘူးလား..."
"မဆင်းလာသေးဘူးboss.."
ဆိုဖာမှာထိုင်ရင်းပဲ သူလေးဆင်းအလာကိုစောင့်တော့မယ်....
ခဏကြာတော့ဆင်းလာပါပြီ....အနက်ရောင်hoodieပွပွကြီးကိုဝတ်ထားတော့ သေးသေးသွယ်သွယ်ခန္ဓာကိုယ်လေးမှာတော့ ကြီးကြီးမားမားရယ်....အောက်ဖက်အနက်ရောင်pantအတိုလေးနဲ့လိုက်ဖက်လွန်းတဲ့ အဖြူရောင်နတ်သားလေး....
"မင်းအဝတ်စားတွေအားလုံးက အနက်တွေချည်းပဲ...ရွေးစရာတောင်မရှိဘူး..."
"ကိုယ်က ကာလာတွေသိပ်မဝတ်လို့ပါ....ကိုယ့်မှာအနက်ပဲရှိတယ်..."
