"သေချာလို့လား....မင်းလေးကတစ်ခုခုဖြစ်ချင်လို့လာ..."
သူ့မျက်နှာလေးက ရှက်လာတိုင်းအမြဲပန်းနုရောင်လေး....သိပ်ချစ်ဖို့ကောင်းတယ်....
"မ...မ...မဖြစ်ချင်ပါဘူးနော်...."
လူကိုရှင်အောင်လာလုပ်နေတယ်....မျက်လုံးဝိုင်းလေးကသိပ်ဆိုးတာပဲ....
"တစ်ခုခုစားဦးမလား..."
မင်းနိုးလာရင် ဗိုက်ဆာနေမယ်ထင်တာပဲ အစားသရဲလေး...
"မစားပါဘူး....ဘယ်နှနာရီဖြစ်နေပြီလဲ...."
ငါသူ့အိမ်မှာပဲရှိသေးတာပဲ....ပါးနဲ့မားတော့စိတ်ပူနေတော့မယ်....
"8နာရီခွဲနေပြီ....ပြန်ချင်လို့လား...ဆိုးလ်ပြန်ရင်တော့...ညည့်နက်မှရောက်မှာ...မင်းပြန်ချင်ရင် ကိုယ်တို့ပြန်ကြမယ်..."
"ပါးနဲ့မားစိတ်ပူမှာစိုးလို့ပါ.....မပြောဘဲထွက်ခဲ့တော့..."
"ဘယ်လိုလုပ်ချင်လဲ...ပြန်မလား..မနက်မှထပြန်မလား..."
"ညည့်နက်ဆိုရင်တော့မပြန်ချင်ဘူး....ဒါပေမယ့် မင်းအိမ်မှာဆိုတော့..."
ဘာရယ်မဟုတ်ဘူး...မျက်လုံးဝိုင်းလေးနဲ့တစ်အိမ်ထဲနေရမယ်ဆိုတဲ့စိတ်က ထိတ်လန့်နေသလိုပဲ...
"မင်းကိုယ်အိမ်မှာ ဘာမှပူပန်စရာမရှိဘူး...ကိုယ်နဲ့ရှိတာ မင်းအတွက်အလုံခြုံဆုံးပဲ..."
ကိုယ်တောင်မင်းကို မထိရက်တာ ခြင်တောင်အနားမခံဘူး စိတ်ချလို့ရတယ်...
ေဈ"ဒါဆိုဖုန်းဆက်ပြီး ပြောထားရမယ်...စိတ်ပူနေမှာစိုးလို့...ငါ့ဖုန်းရော...ရား...မင်းဆွဲခေါ်လာတာ ငါ့ဖုန်းကကျန်ခဲ့ပြီပေါ့...."
"ဟော...မင်းလေးကစိတ်ကြီးလွန်းတာပဲ....ကိုယ်ယူလာပါတယ်...ရော့..."
ဖုန်းကိုဆက်ခနဲဆွဲယူကာ နူတ်ခမ်းတထော်နဲ့ဖုန်းပြောနေတာ အသဲယားစရာ...ကိုယ်သာအတ်ငးချုပ်နမ်းရင် မင်းတော့မုန်းမှာပဲ.... ဖုန်းပြောပြီးလှည့်လာတော့ အတွေးတောင် လက်စသတ်လိုက်ရတယ်.....
"မင်းအိမ်မှာဒီညတည်းမယ်....ပြီးတော့...ဒီအခန်းမှာနေရမှာလား....ရေချိုးပြီးရင် ဝတ်စရာမရှိဘူး...မင်းအင်္ကျီပေးဝတ်..."တဲ့လေ...
တစ်ခုပြီးတစ်ခု...စာစီပြီးများပြောနေသလားမှတ်ရတယ်...တန်းစီနေရောပဲ...
