သူ့ရှေ့ကအသားဖြူ ဖြူ နှင့် သူ့ထက်အနည်းငယ်အရပ်နိမ့်တဲ့ကောင်လေးက Suitအမဲကြောင့်ပိုကြည့်ကောင်းသည် ။လူငယ်ဆန်ဆန်နားပေါ်ကစိန်ကတလက်လက်နှင့် ရယ်လိုက်တိုင်းပေါ်လာတဲ့ပါးချိုင့်လေးတွေကအစအကြည့်မလွဲချင်အောင်ကို ချောသည်။

"ကိုကို"

"အာ ခန့်ဒါအကို့အမျိုးသားလေ"

"ဟုတ် တွေ့ရတာဝမ်းသာပါတယ် ​ဝေမင်းခန့်ပါအကို"

ဘေးမှာကြောင်တောင်တောင်ရပ်နေတဲ့သူ့ကို ခါးကတို့ပြီးသတိပေးမှ လက်ကိုပြန်ဆွဲပြီးနှုတ်ဆက်သည်။
သူ့ကိုမလာခင်တည်းက အမူအရာထိန်းသိမ်းဖို့ပြောထားတာကိုတောင် အခုသူများကစနှုတ်ဆက်တာတောင်သူကတည်တည်ကြီးရပ်နေတာဖြစ်သည် ။

ဟန်နီနဲ့စကားပြောနေရင်းဟိုလူ့ကိုရှာကြည့်တော့
လုပ်ငန်းရှင်တွေနဲ့စကားပြောနေတာ လူကြီးလူကောင်းပုံအပြည့် ၊ သေချာကြည့်မိမှ သူ့ထက်ငယ်ဟန်ရှိသည့်ကောင်လေးနှင့် ရယ်မောနေတာပတ်ဝန်းကျင်တောင်မေ့နေတဲ့ပုံ ။

အဟမ်း ခွန်းလက်ယာတို့လူပျိုဂိုက်ဖမ်းနေတာပဲ..

"ဟယ်လို ခွန်းလက်ယာရဲ့ဆိုင်သူပိုင်သူအမျိုးသား
လက်ရဲဇက်ရဲလို့ခေါ်ပါတယ်"

"အာ ဟုတ်"

သူ့ကိုရွဲ့ပြုံးပြုံးနေတဲ့ဘေးကလူကို ပြန်ပြုံးပြလိုက်သည်။ ဒီလိုလွတ်လပ်မှုပေးရမယ်ဆို လူပျိုဘဝအပျက်ခံပြီးခင်ဗျားကိုယူမထားဘူး ခွန်းလက်ယာ..။

"ဒါဆိုကျွန်​တော်တို့သွားစားကြရ​အောင်"

"အင်း သွားရအောင်"

လူကိုလိုက်ရွဲ့နေတဲ့ဘေးကကောင်ကိုထားခဲ့ပြီး ခန့်အနောက်လိုက်လာတော့ ခုနကမိန်းကလေးအနားပြန်ထွက်သွားသည် ။ဟင်း...ထင်သားပဲ ၊လူကိုသက်သက်သိက္ခာချချင်လို့ လိုက်လာတာမှန်း။

"အကို seafoodစားလား"

"စားတယ် ခန့် အာ.. ခန့်နဲ့မတည့်ဘူးလား"

"တည့်ပါတယ် ရှောင်ရင်းနဲ့အကျင့်ပါသွားလို့လေ"

ခန့်ကသူ့ထဲပါတဲ့ပင်လယ်စာတွေအကုန် ဖယ်ပြီးပန်းကန်ထဲလာထည့်ပေးတာမို့ သူလည်းယူလိုက်သည်။
တည့်ရဲ့သားနဲ့မကြိုက်လို့မစားတာထင်တာပဲ​လေ ၊ကိုယ်ကလည်းပင်လယ်စာ အကြိုက်မို့ယူစားလိုက်သည်။ ဒီကောင်လေးကငယ်သေးပေမယ့် အ​နေအထိုင်အပြုအမူ​တွေကအစ လူကြီးဆန်နေတာမျိုး၊ သူ့ကိုကြည့်ရင်းကိုယ်ငယ်ငယ်ကပုံတောင် ပြန်မြင်မိတယ်။

မောင့်လက်ယာ(မောင့်လက်ယာ){completed} Where stories live. Discover now