Chapter - 16 (U+Z)

Start from the beginning
                                    

ဧရိယာ002သည် အတွင်းပိုင်းနှင့်အပြင်ပိုင်းဟူ၍ နှစ်ပိုင်း ခွဲထားသည်။ ထိုအချိန်တွင် သူတို့အားလုံးသည် အပြင်ပိုင်းတွင် စု​ဝေး​နေခဲ့ကြပြီး သူတို့ပတ်လည်တွင် စားပွဲဝိုင်းရှည်*များစွာရှိ​ပေသည်။ စားပွဲ​တွေ အလွှာ ၅ထပ် စီထားသည်မှာသက်တန့်ပုံအတိုင်းပင်။ စားပွဲ​ပေါ်တွင် ​ဖောက်ထွင်းမြင်ရ​​သော ဖန်ပုလင်းအမျိုးမျိုးရှိ​ပေသည်။ ဖန်ပုလင်းထဲတွင် ​ပျော်ရည်များ၊ ပုံ​ဆောင်ခဲများ ရှိ​​လေသည်။

ကြီးကြပ်သူက ဆိုသည်။

"စားပွဲတစ်ခုစီတိုင်းမှာ ကုန်ကြမ်းအုပ်စု ၁၀ခုရှိပြီး အုပ်စုတစ်ခုမှာ ဖန်ပုလင်း ၃၀ ပါတယ်။ ကုန်ကြမ်း​​တွေက Dအဆင့်နဲ့Eအဆင့် စိတ်ဝိညာဥ်ပင်​တွေရဲ့ ဝတ်မှုန်​တွေနဲ့ essential oil ဖြစ်လိမ့်မယ်။"

ကြီးကြပ်သူက​ ပြောရင်း သူ့​အနောက်ညာဘက်က တံခါးကို ညွှန်ပြလိုက်သည်။

"ဒီတံခါးက ရနံ့စင်္ကြရှည်တစ်ခုဖြစ်တဲ့ အတွင်းပိုင်းကို ဦးတည်တယ်။ စင်္ကြရှည်ကို ​ဧရိယာ ၃၀ ခွဲထားတယ်။ ​ဧရိယာတစ်ခုချင်းစီမှာ စားပွဲပေါ်က​ ပေးထားတဲ့ ဖန်ပုလင်းထဲကရနံ့​တွေနဲ့ကိုက်ညီတဲ့ မတူညီတဲ့အနံ့​တွေရှိလိမ့်မယ်။ "

"မင်းတို့​တွေက ဖန်ပုလင်းရဲ့ ရနံ့ကို ရှုကြည့်ပြီး ရနံန့နဲ့ သက်ဆိုင်ရာစိတ်ဝိညာဥ်ပင်ရဲ့ နာမည်ကို မှတ်ထားမယ်။ အတည်ပြုပြီးတာနဲ့ အတွင်းပိုင်းကိုဝင်ပြီး ​ဧရိယာတစ်ခုချင်းစီက မင်းတို့အနံ့ခံလို့ရတဲ့ ရနံ့​တွေကို ထည့်သွင်း​ပေးပါ။ ဒီစာ​မေးပွဲက​​တော့ ​မွှေးရနံ့ထုတ်လုပ်သူတစ်​ယောက်အတွက် အ​ရေးအပါဆုံးဖြစ်တဲ့ မင်းတို့ရဲ့ ရနံ့​တွေကို ​ခွဲခြားမှတ်မိနိုင်စွမ်းကို အကဲဖြတ်စစ်​ဆေးတာ ဖြစ်ပါတယ်။"

"ဒီစစ်​ဆေးမှုအတွက် စုစု​ပေါင်းကြာချိန်က​တော့ တစ်နာရီခွဲပဲ ဖြစ်ပါတယ်။ စစ်​ဆေး​နေစဥ်အတွင်း ဆက်သွယ်​ပြောဆိုမှုကို ခွင့်ပြုမထားပါဘူး။ ရမှတ်က မင်းတို့ရဲ့တိကျမှုနှုန်းအ​ပေါ်မှာမူတည်မှာ ဖြစ်တယ်။ ရမှတ်တူ​နေခဲ့ရင် မင်းတို့ရဲ့အမြန်နှုန်းအရ အဆင့်သတ်မှတ်ပြီး နှစ်မှတ်နဲ့ နှစ်မှတ်ထက်ပိုတဲ့ရမှတ်​တွေရလိမ့်မယ်။"

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now