ရှုကျင်ထျန်းသည် ဗိုက်မှောက်ကာ မြက်ခင်းပေါ်လှဲချလိုက်ပြီး ရှုဟန်ယွီ  လမ်းလျှောက်လာသည်ကို ကြည့်လိုက်သည်။ ရေခဲကဲ့သို့ အေးခဲနေသောလက်က သူ့တင်ပါးကိုတို့ထိလေရာ အလွန်ထိတ်လန့်သွားပြီး သူ၏ဂန္ဓမာပန်းကိုတင်းကျပ်ကာ ရှောင်ထွက်ရန်ကြိုးစားလိုက်သည်။ ချက်ချင်းပင် သူ၏တင်ပါးတွင် နောက်ထပ်ရိုက်ချက်တစ်ခုရရှိပြန်သည်။ ခွန်အားသည် ယခင်ကထက်ပျော့ပြောင်းသော်လည်း ပြတ်သားဆူညံသောအသံကို ဆက်လက်ထုတ်လွှင့်နေဆဲဖြစ်သည်။ ရှုကျင်ထျန်းသည် သူ၏ဦးခေါင်းတစ်ခုလုံးပေါက်ကွဲသွားသကဲ့သို့ပင် ခံစားလိုက်ရသည်။

“ မလှုပ်နဲ့။ မင်းရဲ့တင်ပါးကနူးညံ့လွန်းတယ်။ ရောင်နေပြီ။ ကိုယ်မင်းအတွက်ပွတ်ပေးမယ်။ "

ရှုဟန်ယွီရဲ့အသံက အရမ်းနူးညံ့နေပြီး အခုတော့ဒေါသမထွက်တော့ဘူး။ သူ့လေသံက သူ့(ကျင်ထျန်း)ကိုနှိပ်စက်ခဲ့တဲ့လူမဟုတ်တဲ့အတိုင်းပဲ သူ့ပုံမှန်အတိုင်းပြန်နူးညံ့သွားသည်။

ရှုကျင်ထျန်းက သူ့တင်ပါးကိုလက်နှင့်အလျင်အမြန်ကာကွယ်လိုက်ပြီး ခေါင်းကိုအသည်းအသန်ခါယမ်းလိုက်သည်။

"မလိုပါဘူး။ အဲ့နေရာကို တစ်ခြားတစ်ယောက် ပွတ်တိုက်တာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ အာ့!... မင်းညင်ညင်သာသာလုပ်လေ!"
ရှုကျင်ထျန်းက သေလုဆဲဆဲဝက်တစ်ကောင်ကဲ့သို့  အော်ဟစ်လိုက်သည်။

သူစကားမဆုံးခင်မှာ ရှုဟန်ယွီက တင်းတင်းဆုပ်နယ်လိုက်သည်။ ရှုကျင်ထျန်းမှာ လေးလေးနက်နက်တွေးတောလိုက်သည်။ ရှုဟန်ယွီက သူ့အားလုံလောက်တဲ့အပြစ်မပေးခဲ့ရဘူးဟု ခံစားနေရပုံပေါ်ပြီး ယခုအခါ သူ့ကိုဆက်လက်နှိပ်စက်နေပြန်သည်။

ရှုကျင်ထျန်းက သူ၏တင်ပါးကိုကာကွယ်ရန်သုံးသောလက်တွင် ကြီးမားသောသိသာထင်ရှားသော ခရမ်းရောင်ဒဏ်ရာများကို လက်ကောက်ဝတ်တွင်တွေ့လိုက်ရသည်။ ရှုဟန်ယွီသည် ရှုကျင်ထျန်း၏ လက်ကောက်ဝတ်ကိုဖမ်းပြီး သူ့ဘာသာစဉ်းစားလိုက်သည်။ မိန်းမပျိုလေး၏ နေရာတိုင်းက နူးညံ့သိမ်မွေ့သည်။ ဟူး မိန်းမတွေကတကယ်ကို ပျော့ညံ့တဲ့သတ္တဝါတွေပဲ။ အရင်တုန်းက ဒီမိန်းမပျိုလေးက သားရဲကိုဘယ်လိုသတ်ခဲ့လဲ သူတကယ်မသိတော့ဘူး။

မြွေသားရဲ၏ဇနီးသည် 【MM Translation】Where stories live. Discover now