Part-19(U+Z)

33.4K 3K 150
                                    

ကိုကိုနဲ့ဖုန်းလုံးဝမပြောဖြစ်တာ တစ်လလောက်ရှိတော့မယ်။ ပို့ထားတဲ့စာတွေကိုလည်း reply မပြန်မိ၊ဖုန်းဆက်တော့လည်းမကိုင်ဆိုတော့ သူတော်တော်များလွန်သွားပြီလား။

"သားကြီးနဲ့ဖုန်းပြောနေတာလား မေလည်းပြောမယ်"

ဖေဖေကပြုံးပြီးခေါင်းညိတ်ပြလာရင်း မေမေ့နားကပ်ထိုင်ကာ တစ်ဖက်မှအကုန်မြင်ရစေရန်ဖုန်းကိုအနည်းငယ်မြှောက်လိုက်၏။ကိုကိုမေမေကဖုန်းမှတစ်ဆင့်မြင်နေရသည့်ကိုကို့ကိုချစ်မြတ်နိုးစွာဖြင့်...

"သား..."

("အမေ... နေကောင်းလား ဘာတွေလုပ်နေတာလဲ")

"အမေဒေါင်ဒေါင်မြည်ပါတော်... ဒီမှာလေ သားငယ်သွေးတိုင်းပေးနေတာ.. သားရော ကြည့်ပါဦးအဲ့ဒီမုတ်ဆိတ်မွေး နှုတ်ခမ်းမွေးတွေကဘာဖြစ်နေတာတုန်း"

မေမေ့အပြောကြောင့် ချမ်း,ကိုကို့ကိုလှစ်ခနဲတစ်ချက်ကြည့်လိုက်တော့ မြင်နေကျမဟာနဖူးကိုမမြင် ရဘဲ ဆံသားနက်နက်တို့ကနဖူးပေါ်ဝဲကျနေတာသာမြင်လိုက်ရ၏။ စိမ်းဖန့်နေသောနှုတ်ခမ်းမွေး ‌မုတ်ဆိတ်‌မွေးနေရာတို့တွင် အနည်းငယ်ရှည်စပြုနေသောအမွေး အမှင်အချို့။ ပြီးတော့ယခင်လိုကြည်တောက် နေသောမျက်ဝန်းအစုံနေရာတွင် ညှိုးငယ်ရိပ်လွှမ်းနေ၏။ချမ်း,စိုးထိတ်သွားရပြီးသူ့ဘက်သို့အကြည့်မရောက်ခင်မျက်နှာလွှဲလိုက်မိသည်။

(ကိုကို နေများမကောင်းဘူးလား)

("မအားလို့မရိတ်မိတာပါ အမေရဲ့... ဘာလဲ အမေ့သားကပိုခန့်သွားလို့ ရင်ခုန်သွားတာလား")

"ရင်ခုန်တာပေါ့ အမေ့သားကဂိုဏ်းစတားပုံပေါက်နေတာကိုး"

ကိုကိုကခပ်သော့သော့လေးရီလိုက်ပြီး...

("အမေကတော့လုပ်ပြီ... ဖွားမှုံတို့ရော နေကောင်းရဲ့လား")

"တစ်အိမ်လုံးကောင်း.. အကုန်ကောင်း အော်..  ဒါနဲ့သား ညီလေးဘွဲ့ယူအမီတော့ပြန်လာမယ်မလား"

ချမ်း,မေမေ့ကိုဆီးချိုပါတိုင်းပေးပြီး ဖေဖေ့ကိုပါတိုင်းပေးရန်အထ  မေမေ့အမေးစကားကြောင့်တစ်ဘက်မှအဖြေကိုအသာနားစွင့်နေရင်းလေသံအနိမ့်လေးဖြင့်...

ဘုန်းပြည့်ချမ်းဟန် (Complete)Where stories live. Discover now