"အော်....ကိုယ်ကမင်းစားနေတာကြည့်ချင်လို့လေ...ပြီးတော့...."
"ဘာဖြစ်လဲ..."တဲ့
စကားတောင်ဆုံးအောင်ပြောခွင့်မပေးဘဲ....ရန်တွေ့ပြန်တယ်...
"ဘာမှမဖြစ်ပါဘူးဗျာ....စားပါ...ဖြေးဖြေးစား...ကိုယ်မကြည့်တော့ဘူးနော်..."
"ပြီးတာပဲ..."
တစ်နေ့လုံးဘာမှမစားရသေးတဲ့အငတ်လေးကျနေတာပဲ စားလိုက်တာ စားပွဲပေါ်ကရှိသမျှအကုန်စားနေတာ အစားသရဲလေး....မင်းကိုယူပြီးနောက် ကိုယ်တော့အချက်အပြုတ်သင်ထားမှနဲ့တူပါတယ်....
အမည်နာမတွေ မိတ်ဆက်စရာမလိုပါဘဲ...မင်းနဲ့ကိုယ်ဟာ ရင်းနှီးခဲ့တဲ့....မမြင်ဖူးမတွေ့ဖူးပေမယ့် မင်းကကိုယ့်ကိုလက်ခံပေးတယ်....မင်းအကြောင်းအစအဆုံးသိတဲ့ကိုယ့်ကို....ကိုယ့်အကြောင်းဘာမှမသိတဲ့မင်းက ယုံကြည်ကြည်နဲ့လိုက်ခဲ့ပေးတာ ကျေးဇူးပါ ကိုယ့်ရဲ့လူသားလေးရယ်...
"ဘာစားဦးမလဲ....အသီးတစ်ခုခုစားမလား..."
ထမင်းစားပြီးတာနဲ့ တင်းတိမ်ပုံမပေါက်သေးတဲ့ ကျွန်တော်အစားသရဲလေးက တစ်ခုခုကိုလိုချင်နေသေးတဲ့ပုံ....
"ဒီမှာ....မင်းကြိုက်တယ်မို့လား..."
"သရက်သီး..."
သူကတကယ်ပဲ...ကျွန်တော့်အတွက် အစားတွေဖန်ဆင်းပေးတဲ့ နတ်ဘုရားလိုပဲ လိုချင်ရာရနိုင်တဲ့သူလိုမျိုးပဲ ကျွန်တော်သရက်သီးတွေတွေ့လိုက်တာကြောင့် စားချင်နေတာ အခုတော့ကိုယ်တိုင်ကိုယ်ကျအခွံတွေခွာကာ လှလှလေးတုံးလို့ ကမ်းပေးလာတဲ့မျက်လုံးဝိုင်လေး....ကျွန်တော့်ကို သိပ်ဂရုစိုက်ရှာတယ်....
"မကြိုက်ဘူးလား...ကိုယ်ကမင်းအတွက် ဝယ်ခိုင်းလိုက်တာ..."
"မဟုတ်ပါဘူး...ကျေးဇူးပဲ.."ဆိုကာ အပြုံးလေးတစ်ပွင့်ပေးရင်း လှမ်းယူပြန်တယ်...တကယ်ပါပဲ ကိုယ်တော့မင်းမှမရရင် ရူးနိုင်တဲ့အခြေအနေဖြစ်တော့မယ်
စားသောက်ပြီးတာနဲ့ ဆိုဖာကိုနောက်ပြန်မှီလို့ မျက်လုံးတွေဟာ မှေးစင်းနေပြီ....အိပ်ပျော်တော့မယ့်အလှလေးကို ပျောက်သွားမှာစိုးလို့ ခြေချိတ်ကာ လက်ပိုက်ရင်း တစိမ့်စိမ့်ထိုင်ကြည့်နေတာများ....ကြွေကျမှာစိုးတဲ့ ဆာကူရာလေးလိုပဲ....ကြည့်လေလှလေ...ကြာလေလိုချင်လေ....မြင်လေမြတ်နိုးလေ...
