Chapter(38-2) - ငါးရိုး

Start from the beginning
                                    

သူက ရှန်ကျစ်ရှန်းအား စိုးရိမ်တကြီးကြည့်လိုက်သည်။

"ဒါကိုဘယ်ကရှာတွေ့ခဲ့တာလဲ?"

ရှန်ကျစ်ရှန်းက အနည်းငယ် ငုံ့လိုက်ပြီး သူတို့လာခဲ့တဲ့ဘက်အား ညွှန်ပြသည်။

"အဲ့ဒီဘက်ပဲ, ဒါပေမဲ့, အဲ့ဒီမှာ မရှိလောက်တော့ဘူး"

ယောက်ရှန်း ကျောက်စိမ်းသည် အလွန်ရှားပါးသော ဝိညာဉ်ကျောက်စိမ်းဖြစ်သည်ကို သူလည်း သဘာဝကျကျ သိထားပြီး ဤကျောက်စိမ်းအပိုင်းအစမျိုးကို ဒီလျှို့ဝှက်နယ်မြေထဲမှာ တွေ့ရှိရခြင်းမှာ အလွန်ကံကောင်းလှသည်။

လူလတ်ပိုင်းကြီးက သူညွှန်ပြတဲ့ဘက်အား စိတ်ပျက်လက်ပျက်ဖြင့် ကြည့်လိုက်သည်။

"အဲ့ဒီဘက်က......"

သူက တွန့်ဆုတ်နေမိပြီး လက်မလွှတ်ချင်ဖြစ်နေသည်။ ထို့နောက် အံကိုတင်းတင်းကြိတ်လိုက်ကာ သူ့သိုလှောင်အိတ်ထဲက ဝိညာဉ်သစ်သီးနှစ်လုံးအား ထုတ်ယူလိုက်ပြီး အနည်းငယ် အနေခက် ရှက်ရွံ့နေရင်းဖြင့်ပင် ပြောလိုက်၏။

"ကျုပ်အဲ့ဒီ ယောက်ရှန်းကျောက်စိမ်းကို လက်နက်တွေ သန့်စင်ဖို့အတွက် ရှာနေတာ အတော်လေး ကြာခဲ့ပါပြီ ဒါပေမဲ့ ရှာဖို့ခက်ခဲခဲ့တယ်, ဒီဝိညာဉ်သစ်သီးနှစ်လုံးက သိပ်မဆိုးပါဘူး, ဒီဘက်က ဂုဏ်သရေရှိ သခင်လေးနှစ်ယောက်အနေနဲ့ ခင်ဗျားတို့ရဲ့ အဖိုးတန်ပစ္စည်းကို ကျုပ်နဲ့လဲလှယ်ပေးဖို့ တောင်းဆိုလို့ရနိုင်မလား.....?"

ရှန်ကျစ်ရှန်းက သူ့လက်ထဲက အလွန်အဖိုးတန်သော သစ်သီးနှစ်လုံးကို တစ်ချက်ကြည့်လိုက်သည်။ ဟုတ်ပါတယ်, သူတို့က ယောက်ရှန်းကျောက်စိမ်း လောက်တော့ မရှားပါးဘူး, ဒါပေမဲ့လည်း ကျောက်စိမ်းက သူ့အတွက် သိပ်အသုံးမဝင်ဘူးလေ, ကျန်းဟူကလူတွေနဲ့ ကုသိုလ်ကောင်းမှုတွေ ပြုစုပျိုးထောင်တာက သူ့အတွက် ပိုမကောင်းလောက်ဘူးလား?

သူက ရန်ကျင်းအား တစ်ချက်လှည့်ကြည့်သောအခါ တစ်ဖက်လူသည်လည်း ငြင်းဆန်မယ့် ပုံစံမရှိတာကြောင့် လူလတ်ပိုင်းကြီးနဲ့ လဲလှယ်မှု ပြီးမြောက်သွားတော့သည်။

ရွှမ်းကျီတာဝါမှ တပည့်ကတော့ ပျော်ရွှင်မှုဖြင့်တုန်ယင်နေပြီး ဝိညာဉ်ကျောက်စိမ်းအား အလွန်ရွှင်လန်းစွာ လှည့်ပတ်ကြည့်နေသည်။ အရည်အသွေးက သူထင်ထားတာထက်ပင် ပိုကောင်းနေတာကို ရှာတွေ့သွား၏။ သူ့ဘက်က ဝိညာဉ်သစ်သီးလေး နှစ်လုံးသာပေးလိုက်တာကြောင့် ဘယ်ဘက်ကပဲ ကြည့်ကြည့် ရှန်ကျစ်ရှန်းရှုံးသည်။

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now