လုယွီရဲ့မိဘတွေက ကုန်းကျွင့်ရဲ့ဖြေရှင်းချက်ကိုကြားတော့ မျက်ခုံးတွေပင့်ကုန်ရသည်။ သူတို့သမီးကလဲ ကုန်းကျွင့်လို ခပ်ဆိုးဆိုးလေး။ မတော်လို့ သူတို့တောင်မသိလိုက်ရဘဲ သူ့ဘာသာအမေရိက ပြန်သွားမှဖြင့် ခက်ကုန်တော့မည်။

လုယွီရဲ့ မိခင်ဖြစ်သူက ကမန်းကတန်းဖုန်းထုတ်ကာ သမီးလုပ်သူထံ ဖုန်းခေါ်လိုက်၏။ မျက်ခုံးတွေတွန့်ချိုးကာ စိတ်အနှောင့်အယှက်ဖြစ်သွားဟန်မျက်နှာထားအရတော့ ဟိုဘက်က ဖုန်းပြန်မဖြေလာသည့်ပုံပင်။

"ကလေး...အနေခက်မနေနဲ့နော်သိလား
ပေါ့ပေါ့ပါးပါးနေ"

ကျောအတောင့်သားနဲ့ ဟိုကြည့်ဒီကြည့်လုပ်နေတဲ့ကျယ်ဟန့်ကို မျက်နှာချင်းဆိုင်ခုံရှိ ကုန်းကျွင့်ရဲ့မိခင်ဖြစ်သူက ပြုံးရွှင်စွာလှမ်းပြောလာ၏။ ကျယ်ဟန့်က အားနာပါးနာနဲ့ ဟန်လုပ်ပြုံးတစ်ခုပေးလိုက်ပြီး ဘေးဘက်က ဟင်းတွေခပ်ထည့်နေတဲ့ကုန်းကျွင့်ထံ စကားဆိုလိုက်သည်။

"မင်းပြောတော့ မင်းပထမဆုရတဲ့အတွက် ဂုဏ်ပြုတဲ့ပွဲဆို?"

"ဟုတ်တယ်လေ ဟန့်ဟန့်ရဲ့"

"ဒါဆို ဘာလို့နှစ်ဖက်မိဘတွေ့ဆုံပွဲလို လူတွေကစုံနေရတာလဲ?"

"အော်...ဒါကတော့ စုံအောင်ကို တမင်လုပ်ထားတာ"

"အာ?"

"အဟမ်း!"

တစ်ယောက်တစ်ခွန်း စကားစမြည်ပြောနေခဲ့ကြတဲ့လူကြီးတွေက ကုန်းကျွင့်ရဲ့ 'အဟမ်း'ကြောင့် သူ့ဆီ အကြည့်ပို့လာကြ၏။

ကုန်းကျွင့်က ခပ်တည်တည်နဲ့ပဲ ဘေးဘက်က ကျယ်ဟန့်ရဲ့လက်ကိုဆွဲကိုင်လိုက်ပြီး ထိုင်ရာကနေထလိုက်တော့ ကျယ်ဟန့်ကပါ အူကြောင်ကြောင်နဲ့မတ်တပ်လိုက်ရပ်ရပြန်သည်။

"အားလုံးစုံတုန်း ကျွန်တော်ပြောစရာလေးရှိလို့ပါ"

"! ! !"

ကျယ်ဟန့်က အထိတ်တလန့်နဲ့ ကုန်းကျွင့်ရဲ့လက်တို့ကို ခပ်တင်းတင်းဖျစ်ညှစ်လိုက်မိသည်။ ကုန်းကျွင့်ပြောလာမှာက သူထင်နေတဲ့ဟာတော့ မဟုတ်ဘူးမှတ်လား?

"လူစုံတုန်း ကျွန်တော့်ရဲ့ဘေးက ကျွန်တော့်ချစ်သူနဲ့ မိတ်ဆက်ပေးချင်လို့ပါ"

302 (Completed)Where stories live. Discover now