သူမ အားလျော့စွာ ပြုံးကာ သူမ၏ လက်မောင်းများကြားမှ ယွမ်ရှန်းကို ကြည့်လိုက်သည်။ "သမီးဂဲ့ ကောင်းတဲ့ကံ လာမယ့်အချိန်ထိသာ စောင့်ပါကွယ်။ သမီးက မားမားလို အပျိုကြီးအနေနဲ့ ဘယ်လိုနေနိုင်မှာလဲ"

ယွမ်ရှန်းက ဒုတိယအစ်မ၏ ကြံ့ခိုင်သန်မာသေယ ခင်ပွန်းအကြောင်း စဉ်းစားကာ သူမ၏ မျက်ဝန်းလေးများက တောက်ပလာသည်။ "ဒုတိယခဲအိုက ဒုတိယအစ်မကို ကောင်းကောင်းဆက်ဆံတယ်မလား"

"သူ့အပြုအမူတွေကို ကြည့်ရမယ်ဆိုရင် သူမကို ကောင်းကောင်းမွန်မွန်ဆက်ဆံတာပဲ။ သမီးရဲ့ ဒုတိယအစ်မရဲ့ ဒေါသကြီးပုံနဲ့တောင် သူမ မညီးညူခဲ့ဘူးလေ"

ယွမ်ရှန်းက ခေါင်းငြိမ့်ပြီး ပြုံး၏။ "ဟိုတစ်နေ့က ဒီကိုလာတုန်းကလည်း ဒုတိယအစ်မက တကယ်ကို ပျော်နေတဲ့ပုံပဲနော်"

မားမားချောင်ကလည်း ခေါင်းငြိမ့်သည်။ "သမီးရဲ့ ဒုတိယအစ်မက တံငါသည်နဲ့ လက်ထပ်လိုက်တာကြောင့် သူမက ရိုးရိုးသာမာန်ဘဝတစ်ခုကိုပဲ ဦးဆောင်နိုင်လိမ့်မယ်။ ဒါပေမယ့် ဒါက သမီးရဲ့ အစ်မကြီးထက် အများကြီးပိုကောင်းတယ်ကွယ့်။

ချမ်းသာတဲ့ မိသားစုတွေက အချင်းချင်း တိုက်ခိုက်ကြံစည်နေကြတာချည်းပဲ။ သမီးရဲ့ အစ်မကြီးကတော့ သူ့ကိုယ်သူ တည်ငြိမ်အောင်နေနိုင်တယ်။ အဲ့နေရာမှာ သမီးသာ ဖြစ်ကြည့်ပါလား။ အဲ့ဒီမယားကြီးက သမီးရဲ့ အရိုးတွေကို မှုန့်မှုန့်ညက်ညက်ချေပြီးသားတောင် ဖြစ်သွားလိမ့်ဦးမယ်"

မိန်းမငယ်လေးသည် စိတ်မကောင်းဖြစ်သွားရသည်။ သူမသည် ဒုတိယအစ်မကဲ့သို့ အစ်မကြီးကို သိပ်မခင်တွယ်သော်လည်း သူမတို့က အတူတူကြီးပြင်းလာခဲ့ကြသည်သာ ဖြစ်၏။

သူမ မျက်ခုံးများက တွန့်ကွေးသွားကြသည်။ "အစ်မကြီးက ဉာဏ်ကောင်းချင်ကောင်းမယ်၊ ဒါပေမယ့် ဒုတိယအစ်မလောက်တောဘ မပါးနပ်ဘူးရယ်။ တစ်နေ့နေ့ကျရင်တော့ အစ်မကြီးကို အကြံလေးဘာလေးပေးဖို့ ဒုတိယအစ်မကို ပြောသင့်တယ်ထင်တယ်"

"မဟုတ်မဟတ်တွေကွယ်။ သမီးရဲ့ ဒုတိယအစ်မက အခုမှ ဆယ့်ခြောက်နှစ်ပဲ ရှိသေးတာလေ။ သူမက ဘာသိဦးမှာလဲတဲ့"

❄︎Completed❄︎နှင်းပွင့်လေးများလှပါစေ(ဘာသာပြန်)Where stories live. Discover now