"မင်းဗိုက်ဆာနေရင်....တစ်ခုခုစားမယ်လေ..."
"လွှတ်လို့ရပြီ....မကြောက်တော့ဘူး...."
ဖက်ထားတာများကျစ်လို့ လူလည်းဖက်ထုပ်ဖြစ်တော့မယ် မလွှတ်သေးဘူး...အသက်ရူကြပ်လာတာကြောင့် လွှတ်ဖို့ပြောတော့...သူကခပ်ထေ့ထေ့ရယ်သေးတာ...
"ဟက်....မင်းပဲအမျိုးမျိုး...."
တကယ့်မလွယ်ကျောလေး...ကြောက်တယ်တဲ့ရင်ခွင်တယ် ဝင်လာတယ် အခုတော့ တွန်းနေပြန်ပြီ...
"ဗိုက်ဆာနေပြီ....ငါတစ်နေကုန်ဘာမှမစားရသေးဘူး....မင်းလုပ်လို့...."
"ဟောဗျာ....ဟုတ်ပါပြီ...ကိုယ့်ကြောင့်ပါ....တစ်ခုခုလိုက်ကြွေးမယ်..."
"Yoongi....အိမ်ကိုမောင်း..."
အိမ်ဆိုတာ ဘူဆန်မှာရှိတဲ့အိမ်ပါ...မွေးရပ်မြေဘူဆန်မှာ...မိဘတွေမရှိထဲက မနေဖြစ်ပေမယ့် အိမ်စောင့်တွေနဲ့အရင်တုန်းကလိုပဲ သပ်သပ်ရပ်ရပ်ပဲထားတယ်..တစ်ခါတစ်လေတော့...ပြန်လာနားဖြစ်တဲ့ မိဘတွေပိုင်တဲ့အိမ်....
"ဟုတ်ကဲ့...."
အတော်ကြာမောင်းနှင်ပြီးနောက်....ကျယ်ဝန်းလှတဲ့ ခြံထဲက အိမ်တော်ကြီး....ကားလေးဝင်တာတောင် တော်တော်လေးလှမ်းသေးတယ် အိမ်တော်ကြီးနဲ့....နန်းတော်လိုမျိုး...ရဲတိုက်ကြီးနဲ့တူတဲ့ Jeonအိမ်တော်တဲ့လေ...ခြံအဝင်ဝမှာ Jeonစံအိမ်တော်ဆိုတာကိုပန်းကနုတ်တွေနဲ့လှလှပပထွင်းထုထားတယ်....
"ရောက်ပြီ...လာလေ..."ဆိုပြီးခေါ်တဲ့ မျက်လုံးဝိုင်းလေး....သူအဲ့လောက်တောင်ချမ်းသားတာလား....
"ဒါကိုယ့်မိဘတွေရှိစဥ်က နေခဲ့တဲ့အိမ်လေ....အခုတော့.."
ဝမ်းနည်းရိပ်သန်းလာတဲ့ လူသားကြောင့် သူ့မှာမိဘမရှိတော့ဘူးဆိုတာ သတိထားမိတာကြောင့်....
"ငါဗိုက်ဆာနေပြီ...."
"ဟုတ်ပါပြီ...လာ...လာ..."
"Yoongi သူစားဖို့တစ်ခုခုပြင်ခိုင်းထားလိုက်...."
"ဟုတ်..."
[A\N-BossJရဲ့ကြမ်းတမ်းမူဟာ ချစ်ရတဲ့လူသားအတွက် မဟုတ်ခဲ့ဘူး....]
______________________________upပါပြီရှင့်....ကြာသွားရင်sorryပါနော်....ဖီးဘက်လေးတွေမျှော်လင့်တယ်ရှင်
Thank my readera,
💜Minna💜
______________________________**zawgyi**
