ဂွီ...ဂွီ.....
သူ့မှာစားတောင်မရသေးဘူး...ဆွဲခေါ်ခံလာရတော့....အော်ပြီပေါ့....

"မင်းဘာမှမစားရသေးဘူးလား..."

"ဟုတ်တယ်လေ...မင်းပဲဆွဲခေါ်လာပြီးတော့...."

"ခုဏကဘာစကားမပြောဘူး...အခုကျတော့ ကပ်ကပ်လန်ရန်တွေ့နေတယ်.....မင်းတကယ်မလွယ်လေးဘဲ...."
တကယ်ဗျာ ပြောမယ့်ပြောတော့လည်း တတွတ်တွတ်နဲ့...နူတ်ခမ်းလေးတထော်ထော်နဲ့....

"မလွယ်တာမင်းလေ.....ငါ့ကိုဆွဲခေါ်လာပြီးတော့...."
ကြောက်တဲ့စိတ်ကို ဗိုက်ဆာနေတဲ့အစားကြီးစိုးတဲ့ဗိုက်က အနိုင်ယူကာ ရန်တွေ့နေတော့တယ်...

"ဟုတ်ပါပြီ....ကိုယ်ဆွဲခေါ်လာလို့ ဖြစ်ရတာပါ....ဒါနဲ့လေ..."ဆိုပြီး...
အနားကိုတဖြည်းဖြည်းကပ်လာတော့....လူကိုကြောင်သွားတာပဲ.....ပြီးတော့....ရင်ဘတ်ထဲက တဒုတ်ဒုတ်နဲ့ ရထားတစ်စင်းခုတ်မောင်းနေသလိုပဲ.....

"မင်းဘာလို့....မရုန်းဘဲ....လိုက်လာတာလဲ..."တဲ့....နားနားကပ်ပြီး ဖွဖွဆိုတော့ လူကရူးချင်လာပြီ......

"ကိုယ်တစ်ခုခုလုပ်လိုက်မှာ မကြောက်ဘူးလား..."ဆိုပြီး
မျက်နှာနားကို ရောက်လာတဲ့ သူ့လက်ကြောင့်....

"အ့......သေပါပြီ....မင်းဘာလို့ တွန်းတာလည်း..."
ခုဏကငြိမ်နေပြီး အခုတော့လူကိုတွန်းလွှတ်ပြီး ထောင့်ကပ်နေတဲ့ အနှီးပေါက်လေး ကြောက်နေသလိုပဲ....

"မလာနဲ့....ငါနဲ့မလာ..တက်တူးတွေကြောက်လို့..."တဲ့လေ....
တကယ်သူတော်တော်ကိုကြောက်နေရှာတာ ကိုယ့်လက်ကတက်တူးတဲ့လေ...
လှန်တင်ထားတဲ့ အင်္ကျီကိုဆွဲချလိုက်ပြီး...သူ့အနားကိုတိုးကာ ဖက်ထားမိတော့....

"ကိုယ်အုပ်ထားလိုက်ပြီ....မရှိတော့ဘူးနော်...မကြောက်နဲ့တော့..."

"မင်းလက်ကတက်တူးတွေကို မဖော်ထားပါနဲ့ ငါကြောက်လို့..."ဆိုပြီး ရင်ခွင်ထဲတိုးဝင်ကာ အင်္ကျီစလေးဆွဲထားတဲ့ ကျွန်တော့်ရဲ့ခရမ်းနုရောင်လူသားလေ...

"ကောင်းပြီ...ကိုယ်နောက်တစ်ခါ...လက်ရှည်တွေပဲဝတ်ထားတော့မယ်....မင်းမကြောက်နဲ့တော့....မင်းကိုထိခိုက်အောင် ကိုယ်မလုပ်ဘူး...ကိုယ့်ကိုယုံ...."
ကျွန်တော့်ရင်ခွင်ထဲက ကြောက်နေတဲ့လူသားလေး အတိတ်ဆိုးတွေရှိခဲ့သလား စိတ်ပူလိုက်တာ....

မောင့်အရိပ်Where stories live. Discover now