"ဟျောင့်...လွှတ်လိုက်....သူ့ကိုမထိနဲ့.."ဆိုပြီးလှမ်းဆွဲပေမယ့် မမိပါ....ကျွန်တော်ကို သူ့နောက်ကိုပို့လိုက်နဲ့ မျက်လုံးဝိုင်းလေး...
"မင်းဝင်မပါနဲ့ ငါမင်းနဲ့မပြောဘူး...ငါ့ကောင်လေးနဲ့ငါပြောနေတယ်...ဝင်မရူတ်နဲ့..."
ကျွန်တော်တို့ပြောသမျှ နောက်ကနေ နားထောင်နေတဲ့ကောင်လေးရှိလို့ပေါ့....မရှိရင် ဒီမှာတင်ပွဲဖြစ်တယ်....
"ငါနဲ့ဆိုင်တယ် ငါခေါ်လာတာကွ..."
"မင်းခေါ်လာတာ ငါဂရုမစိုက်ဘူး...ငါပြန်ပို့လိုက်မယ်...."
"မင်း..."
"လာသွားမယ်..."
သူပြောတာ နားမထောင်ဘဲ ကောင်လေးလက်ကိုဆွဲပြီး ဆိုင်ထဲကထွက်လာခဲ့တယ်....ဆိုင်အဝရောက်တော့...
"RM....ငါ့ကောင်လေးနား နောက်တစ်ခါမမြင်ချင်ဘူး....ငါ့အဆိုးမဆိုနဲ့..."လို့ပြောကာ ထွက်လာခဲ့တယ်....
ယက်ကန်ယက်ကန်နဲ့ပါလာတဲ့ ကောင်လေးက ဘာမှလည်းမပြောဘဲ တိတ်တိတ်လေးဘဲ လိုက်လာခဲ့တယ်....
ကားတံခါး ဖွင့်ပေးပြီ...
"ကားပေါ်တက်လေ...."
ဘာမှမပြောဘဲတက်သွားတာပဲ
ကျွန်တော်လည်း နောက်ခန်းထဲဝင်ထိုင်ပြီး လိုက်ပါလာတော့တယ်...အတော်ကြာမောင်းလာလိုက်တာ....ဘာစကားမှမပြောသည်မို့ စိတ်မရှည်တဲ့အဆုံး...
"Yoongi...ကားရပ်လိုက်....မင်းဆင်း..."
"ဟုတ်..Boss..."
"မင်းဘာလို့ ဘာတစ်လုံးမှမပြောဘဲ လိုက်လာတာလဲ..."
"ဟမ်..."
ဟုတ်သားပဲ ငါလိုက်လာတာ သူ့ကားပေါ်မှာ....ကြောက်တယ်ဆိုပေမယ့်လည်း...လိုက်လာမိတယ်...
"ကိုယ်သာမင်းကိုရောင်းစားဖို့ ခေါ်လာရင်ဘယ်လိုလုပ်မလဲ..."
"ဟမ်..."
မဖြစ်နိုင်ဘူး....ဘာလို့မှန်းမသိပေမယ့် သူ့ကိုယုံမိနေတယ်..
"တကယ်ကွာ....ဘာမှပြန်မပြောဘူးလား...."
တဟမ်ဟမ်နဲ့...ဘာမှမပြောတော့...စိတ်ကမရှည်လေတော့....
"ကိုယ်မင်းကို ဘာလို့ခေါ်လာတာလဲ...ဘယ်ခေါ်သွားမှာလဲတောင်မမေးဘူးလား...."
"အာ...ဟုတ်တယ်....ပြန်ပို့မှာဆို....ပြန်ပို့ပေးလေ....အိမ်ကို..."
ကျွန်တော်အခုမှ သတိရတယ် အိမ်ပြန်ရမယ် သူအိမ်ပြန်မပို့ရင် ပါးနဲ့မားစိတ်ပူနေမှာ...
