အပိုင်း ၁၂

Start from the beginning
                                    

" အော်... ထားလိုက်ပါ.. ငါနဲ့မှမဆိုင်တာ.. "

"အေးပါ... အဲ့ဒါဆိုလဲ နင်နားတော့.. မနက်ဖြန် ငါတို့ကျောင်းတက်ရမှာနော်.. လက်မောင်းကဒဏ်ရာကိုသေချာဂရုစိုက်ဦး.. စောစောလဲအိပ်...  နင့်ကားကို ငါတခါထဲယူလာခဲ့မယ် ကျောင်းဆင်းရင် ပြန်ယူသွားပေါ့... "

" အင်းပါ  ကျေးဇူးပဲ ... ဒါပဲနော်..good night သူငယ်ချင်း.."

ပိုင်ဝေ့ရှင်း  ရိုစလီနဲ့ ဖုန်းပြောပြီးနောက် မနက်ဖြန်ကျောင်းတက်ရမှာကို သတိရသွားသည် ။ လက်မောင်းက ဒဏ်ရာနဲ့ နေရထိုင်ရတာ သိပ်အဆင်မပြေလှပေ ။ ကားကတော့ အသွားကို ငှားသွားလိုက်ရုံပေါ့ ။ အပြန် ရိုစလီကိုပဲ မောင်းခိုင်းပြီး အကူအညီတောင်းရမှာပဲ.. ။

" ဖြူလုံးရေ...  ငါ့ဒဏ်ရာကို လာကုပေးဦးလေ.. နာနေတာသက်သာအောင်လုပ်ပေးဦး... "

" ကုပေးမှာပေါ့.. hostရယ်.. အရမ်းလောတာပဲ.. နည်းနည်းပါးပါး စိတ်ရှည်ပါဦး.. "   ပြောရင်း ဖြူလုံးရဲ့အမွှေးပွပွအလုံးလေးမှ အဖြူရောင်အလင်းတန်းတချို့က  ပိုင်ဝေ့ရှင်းရဲ့လက်မောင်းပေါ်ရှိဒဏ်ရာထဲကို တိုးဝင်ပျောက်ကွယ်သွားသည် ။ ဖြူဝင်းသောဆင်စွယ်ရောင်အသားအရေလက်မောင်းလေးတွင် တခါမှ ထိခိုက်မှုမရှိသကဲ့သို့ ဖြစ်သွားသည် ။

" ကဲ ပြီးပြီ... အမာရွတ်သေးသေးလေးတောင်မကျန်တော့ဘူး..လုံးဝစိတ်ချလိုက်တော့... "

" ဟယ် သေလိုက်ပါတော့ ဖြူလုံးရယ်.. ဒဏ်ရာက အဲ့လောက် ချက်ချင်းကြီးပျောက်သွားတော့ ငါ့ကို အထူအဆန်းသတ္တဝာလို့ထင်သွားကြမှာပေါ့ဟဲ့... နင်ကလဲ သက်သာအောင်ပဲလုပ်ပါဆို..."

" အာ  သူပဲ အမာရွတ်ပိစိညှောင့်တောင့်တောင်မကျန်အောင်လုပ်ပေးဆို .. လုပ်ပေးတော့လဲအပြစ်ပြောတယ်... စိတ်ဆိုးတယ်... ဘိုင့်ရီး..."

" ဟဲ့  ဟဲ့  ...."  ပိုင်ဝေ့ရှင်း အော်​ေနသော်လည်း systemဆီမှ ဘာတုံ့ပြန်မှုမှ ထပ်မပေါ်လာချေ ။ ... ဟိုမရောက်ဒီမရောက် အမွှေးပွကတော့ စိတ်ကောက်သွားပြန်ပြီ...  ။

ပိုင်ဝေ့ရှင်းလဲ ဘာမှမရှိတော့သောလက်မောင်းအား ဆုပ်ကိုင်ကြည့်ရင်း  ဇာတ်လိုက်ပြောသွားသောစကားများကို သတိရသွားသည် ။ သူ့ဆေးရုံကို သွားစရာမလိုတော့ဘူးပေါ့.. ရေစက်ပြတ်ပြီ... ။

ချစ်သောဗီလိန်လေး 2  (Ongoing)Where stories live. Discover now