Chapter - 14 (U+Z)

Start from the beginning
                                    

"ဒယ်ရီက​ ​ပြောလို့ မင်း စိတ်အ​ခြေအ​နေမ​ကောင်းဆို"

စုလင်း ခဏမျှပြန်စဥ်းစားကြည့်လိုက်ပြီး သူတို့Villaကိုပြန်လာတဲ့တစ်​လျှောက်လုံး သူ စကားမ​ပြောဘဲ အရမ်း တိတ်တဆိတ် လိုက်လာမိတာ​ကြောင့် ဖြစ်နိုင်​ကြောင်း သ​ဘော​ပေါက်လိုက်သည်။

ကုလီဟန်ရဲ့​လေသံက တည်ငြိမ်​အေး​ဆေးစွာနဲ့ နှစ်သိမ့်လာသည်။

"မင်းရဲ့​ရောဂါက အခု ကုလို့မရ​သေးရင်​တောင် ​နောင်အနာဂတ်မှာ ကုသနည်း ​ပေါ်မလာဘူးလို့ ဆိုလိုတာမဟုတ်ဘူး​လေ။ အရမ်းကြီး စိတ်မပျက်ပါနဲ့"

စုလင်း ပြုံးလိုက်​တော့ သူ့ရဲ့ဇာမဏီမျက်ဝန်း​လေး​တွေက ​ကော့ညွှတ်သွားသည်။ သူ့မျက်ဝန်း​လေးများကလည်း တဖျတ်ဖျတ် ​တောက်ပ​နေကာ

"ခင်ဗျားက ကျွန်​​တော့်ကို စိတ်ပူလို့လား?"

ကုလီဟန်ရဲ့အကြည့်​တွေက သူ့မျက်နှာ​လေး​ပေါ်မှာ တစ်ခဏမျှ ​ဝေ့ဝဲ​နေခဲ့ပြီးမှ

"အမ်း"

ကုလီဟန် ဒီ​မေးခွန်းနဲ့ပတ်သတ်ပြီး တကယ်ကို ​တွေးမကြည့်မိခဲ့​ချေ။ ဒယ်ရီက ဒီအ​ကြောင်း​ပြောလာ​တော့ သူ စိတ်ထဲမှာ ရှိတာက စုလင်းကို နှစ်သိမ့်​ပေးဖို့ပဲ ဖြစ်သည်။ သူခဏထပ်​တွေးလိုက်ပြီး အ​ဖြေရသွားသည်။

"မင်းက ကိုယ့်ကို သူငယ်ချင်း​​တွေလို ခံစားရ​စေတယ်​လေ။ အဲ့ဒါထက် မင်းက ငယ်လွန်း​သေးတယ်​လေ။"
(T/N - Jueရဲ့သား​လေးကို friend zone ထဲသွင်းပလိုက်ပါပြီ 🤧)

ကုလီဟန် ငယ်ငယ်​လေးကတည်းက သူ့ပတ်ဝန်းကျင်မှ လူ​တွေဟာ သူနဲ့​ ပြောဆို ဆက်ဆံတိုင်း သတိကြီးကြီးနဲ့ ​လေး​လေးစားစားသုံးနှုန်း​ပြောဆိုခဲ့ကြသည်။ သူ့​ရှေ့က ဒီ​ကောင်ငယ်​လေးလို ဆက်ဆံတဲ့သူက အရမ်းအရမ်းကို နည်းပါးလှသည်။ ဒီ​ကောင်​လေးရဲ့ ဟန်​​ဆောင်မှုမရှိတဲ့ သဘာဝဆန်သည့် သ​ဘောထား​လေးက သူ့ကို အလွန်ပဲ သက်​တောင်သက်သာ ခံစားရ​စေသည်။ ကုလီဟန် သူတို့၂​ယောက်​ ဆေးရုံမှာ စ​တွေ့သည့်​နေ့ကို သတိရပါ​သေးသည်။ ဒီ​ကောင်ငယ်​လေးက ထုတ်မ​ပြော​ပေမယ့်လည်း ​ကောင်ငယ်​လေးဟာ အတိတ်​မေ့​​ရောဂါခံစား​နေရတာကို ကုလီဟန် ရိပ်မိခဲ့သည်။ မဟုတ်​တောင် အနည်းဆုံး​တော့ မှတ်ဥာဏ်တစ်စိတ်တစ်ပိုင်း ချွတ်ယွင်း​နေတာ ဖြစ်​ပေလိမ့်မည်။ အဲ့လိုမှ မဟုတ်ရင် ကိုယ့် Pheromone နံ့ကို မမှတ်ဘူးဆိုတာ မဖြစ်နိုင်​ပေ။ ဒီအ​ကြောင်းပြချက်​ကြောင့်ပဲ ဒီ​ကောင်ငယ်​လေးကို ​နေရာတိုင်းလိုက်ပြီး စိတ်မပူဘဲ မ​နေနိုင်ခဲ့​ချေ။

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now