"ဟမ်...မ..မ...မဖြစ်ပါဘူး....သွား..သွား...သွားတော့.."
တကယ်ပါပဲ မျက်နှာလဲပူလာပြီး သူပြောသလုိပေါက်ထွက်တော့မမလုိခံစားနေရတာ....ကျွန်တော်လည်းဒီအရွယ်ကြီးရောက္မှရှက်ကိုးရှက်ကန်းဖြစ်ရတယ်လုိ့....အဲ့ဒါနဲ့ပဲ ပြေးထွက်လာမိတယ်...
"ဟောဗျာ...မင်းလေးကိုယ်တိုင် ဒီရင်ခွင်ထဲဝင်လာတာနော်..."လုိ့ အော်ပြောသေးလာတာ မျက်လုံးဝိုင်းလေးက...
"တကယ်ပဲ မင်းကလဲခုန်နေတာပဲ ဖက်ရုံလေးကုိ..."
ဆိုပြီး ကုိယ့်ရင်ဘတ်ကိုယ်ရုိက်ပြီး အသိပေးနေတဲ့ BossJ...
အလှလေးကုိတွေ့တာပဲ ခုန်မှာပေါ့ မင်းလည်း...မင်းလည်းကြွေနေပြိိမို့လား...
BossJတစ်ယောက် ပြေးသွားတဲ့လူသားေနာက်လျှောက်လှမ်းရင်း တစ်နေရာရောက်တော့ ခြေအစုံဟာရပ်တန့်ပြီး လက်သီးတွေဟာ တင်းတင်းစုပ်လာခဲ့တဲ့ ခုဏကအရည်ပျော်တဲ့နှလုံးသားက ဒေါသကြောင့် ဗြောင်းဆန်နေတာ ကုလားဘုရားပွဲလှည့်သလို....
[A\N-ဘာမြင်သွားတာလဲ သိမှပေါ့နော်...]
______________________________upပေးပြီနော်...
Thank my readers,
💜Minna💜
______________________________**zawgyi**
ရောင်နီကျင်းလို့ နေရောင်လင်းနေပြီး လူဆိုးကြီးကတော့ အိပ်မပျော်နိုင်သေးဘူး...တနုံနုံနဲ့ဒေါသတွေဟာ လှိုက်လှိုက်တက်လာတာ...လှိုင်းလှလှလေးရေစီးနဲ့ပါသွားမှာ စိုးရိမ်ခဲ့လို့...တစ်ညလုံးမအိပ်ပါနဲ့ ဘဲဥချီဖို့ချောင်းနေတဲ့ ကျီးကန်ကိုဘယ်နေရာကစောင့်ပစ်ရမလဲ အကြံထုတ်ရင်းမိုးလင်းခဲ့တာ....ညဇီးကွက်တွေတောင် အိပ်ပျော်နေလောက်ပြီ အချစ်မီးလောင်မြိုက်နေတဲ့ အချစ်ကြီးသူBossကတော့ မပိုင်ရသေးဘူး သူများလုမှာစိုးနေပြီ...ပိုင်လို့လာထိရင် ငါ့လူထိငါနဲ့ညှိဆိုတဲ့ ဆိုင်းဘုတ်လည်ပင်းဆွဲပြီး ကောင်လေးလက်ကိုတင်းတင်းဆုပ်လို့ ခေါင်းကော့ရင်မော့သွားမည်ထင်ပါရဲ့....အခုတော့သူ့ခမျာမှာ 'ရည်းစားလူလု....အူနုကျွဲခတ်´ ဆိုသလိုနေမထိထိုင်မသာ လိပ်ခေါင်းများထွက်သလားပဲ....ပြန်ရောက်ထဲက ဒေါသတွေတစ်ပုံတစ်ပင်နဲ့ မစားနိုင်မအိပ်နိုင်.....
"ဒီကောင်ကျောတာများနေပြီ...ဘာလို့သူအနားကပ်နေတာလဲ...ဒီကောင်အကြံရှိနေတာလား...တောက်...အား..."
