"အဲ့ကောင်ကုိ ငါ့ကောင်လေးအနားမှာမမြင်ချင်ဘူး......မဟုတ်လို့ကတော့ငါကိုယ်တိုင်သတ်ပစ်လိုက်မယ်..."
"ကျွန်တော်စုံစမ်းပါဦးမယ်....bossရယ်..."
အဲ့တော့မှ ငြိမ်သွားပြီးရေမိုးချိုးကာ အိပ်စက်လေရဲ့
ချစ်တာမှအတိုင်းထက်လွန်ပဲလား bossရယ်....bossကလူတစ်ယောက်ကိုချစ်တယ်ဆိုတာထူးခြားဖြစ်ရပ်ပဲ သူလိုချင်လာရင် အရယူပြီးသိမ်းပိုက်ပစ်လိုက်တဲ့လူမျိုး သူ့ဟာလို့သတ်မှတ်ပြီးသွားရင် တခြားလူလာထိရင်မကြိုက်တဲ့လူ ဒီလိုလူမျိုးချစ်တာကို ဟိုကောင်လေးလက်ခံနိုင်ပါ့မလား....
အိပ်ရာပေါ်မှာ စိတ်အေးလက်အေးအိပ်ပျော်နေတဲ့Bossကိုကြည့်ရင်း သူလုပ်ပေးနိုင်တာတွေလုပ်ပေးဖို့ ဆုံးဖြတ်ချက်ချလေတဲ့ Bossရဲ့ ညာလက်ရုံးလက်စွဲတော်....
>>>>>>>>>
"CEO....ညကမအိပ်ဘူးလား...မျက်ကွင်းတွေလည်းညိုနေရော..."တဲ့ ညကဟိုကောင်လေးနှိပ်စက်တာ ကြောက်လွန်းလို့အိပ်မပျော်ဘူးလေ...
"ညကအိပ်မပျော်ဘူးလေ..."
"ဘာလဲ အပျော်လွန်ပြီးအိပ်မရတာလားCEO..."
Dinnerလေးသွားစားတာ အိပ်မရတဲ့အထိဖြစ်လာတယ်တဲ့ ဘာတွေများကျွေးလိုက်လည်းမသိဘူး...ဟိဟိ....
"ဘာအပျော်လွန်တာလဲ....မင်းနော်လစာဖြတ်လိုက်မယ်...."
"လစာနဲ့ဘာဆိုင်လို့လဲ....မဖြတ်နဲ့လေ...မပြောတော့ဘူး...ပိတ်လိုက်ပြီ..."ဆိုပြီး....ပါးစပ်ကိုဇစ်ဆွဲသလိုပုံစံလေးလုပ်ပြရှာတယ်....လစာဖြတ်မှာတအားကြောက်တာ....
"သွားတော့...လုပ်စရာရှိတာလုပ်တော့..."
တဟုတ်ဟုတ်နဲ့ ကုတ်ကုတ်လေးသွားရှာတဲ့ ကျွန်တော့်အတွင်းရေးမှူး ညီအစ်ကိုလိုဖြစ်နေပါပြီ...သူအခန်းထဲကထွက်သွားမှ...
"မင်းဘာသိလို့လဲ ဟိုမျက်လုံးဝိုင်းလေးက ခြောက်လှန့်နေလို့....အိပ်လို့တောင်မရဘူး..."
တစ်ယောက်ထဲစကားတွေပြောနေတာ ထိတ်ထိတ်လန့်လန့်နဲ့ တက်တူးပိုင်ရှင်လေးများသိရင် ရင်ကွဲနေမှာသေချာတယ်....
"CEO..."
"ဘာလာလုပ်ပြန်ပြီလဲ.."
စိတ်အလိုမကျပြန်ပြောမိတော့...
"မဟုတ်ပါဘူး..ဧည့်သည်ရောက်နေလို့ပါ..."
"ဘယ်သူလဲကွာ...မတွေ့ချင်ပါဘူးဆိုနေ.."လို့ပြောတုန်းရှိသေးတယ် hobiနောက်က ထွက်လာတဲ့အသံပိုင်ရှင်ကြောင့် အားနာမိပြန်တယ်...
