"ဟုတ်...မားရေ...ဟုတ်...."
ကျွန်တော့ပဲ ကုပ္မဏီရောက်တော့မယ် မားရဲ့မှာတမ်းကမပြီးသေးဘူး....အဲ့လိုပဲကျွန်တော်မားနဲ့ပါးရဲ့ အချစ်ခံသားရတနာလေး...ကျွန်တော်ဘဝမှာ ပါးနဲ့မားကအရေးကြီးဆုံးပဲ....

နောက်ဆုံးပေါ်modelကားအဖြူလေးနဲ့အလိုက်ဖက်ဆုံးပန်းနုရောင်လူသားလေး...
ဆိုးလ်မြို့ရဲ့ကားလမ်းထက်မှာ အဖြူရောင်ကားလေးဟာ တလွင့်လွင့်နဲ့တောက်ပနေတာ နေလုံးကြီးနဲ့အပြိုင်......

အဖြူရောင်လေးဟာ တစ်ရွေ့ရွေ့နဲ့မောင်းနှင်လာခဲ့တာ K-groupရှေ့တောင်ရောက်ခဲ့ပေါ့....ကားပေါ်ဆင်းတာနဲ့လူအားလုံးမျက်စိကျိန်းမတက် တောက်ပနေတဲ့အဖြူရောင်နတ်သားလေးကို နေ့တိုင်းတွေ့နေရလည်း တအံ့တသြငေးကြတုန်း....

"မင်္ဂလာပါCEO...."ဆိုတဲ့ securityဦးလေးကြီးတွေရဲ့ မနက်ခင်းနူတ်ဆက်သံဟာ မင်္ဂလာတစ်ပါးပဲ....

"မင်္ဂလာပါဦးလေးတို့...ကျွန်တော့်ကို ကားပါကင်ထိုးပေးပါဦးနော်..."

"ဟုတ်ကဲ့ပါ...CEO..."

ရုံးခန်းရှေ့ရောက်တာနဲ့ တစ်နေ့တာလုပ်ရမယ် အချိန်ဇယားဖိုင်ကိုကိုင်ထားတဲ့ ကျွန်တော့်အတွင်းရေးမှူး...

"နောက်10မိနစ်နေရင် meetingရှိပါတယ် CEO.."

"Omm...ဒီနေ့အတွက် ဘာတွေရှိသေးလဲ..."

"10နာရီမှာ USလုပ်ငန်းပါတနာတစ်ယောက်နဲ့ တွေ့စရာရှိပါတယ်....
1နာရီမှာ ရှယ်ယာရှင်တွေနဲ့ projectကိစ္စအတွက်လည်း meetingတစ်ခုရှိပါသေးတယ်...
ညနေ၄နာရီမှာ SevenSရဲ့CEOက Dinnerအတွက်ကြိုချိန်းထားတယ်CEO...
အဲ့ဒါပါပဲ.....ဒီနေ့အတွက်က..."

"Aww...အေး..အဲ့ဒါပဲလား....ညနေအတွက်က ငါပဲဖုန်းဆက်လိုက်မယ်...."

"Dinnerအတွက်လားCEO...."

"အေး မင်းသွားတော့ meetingအတွက် လိုအပ်တာအကုန်ပြင်ထား....တစ်ခုခုလိုတာနဲ့လစာဖြတ်မယ်..."

"ဟုတ်...သွားပါပြီ....ပြင်ထားလိုက်ပါ့မယ်...."
>>>>>>>>>
Jeonအိမ်တော်ရဲ့မနက်ခင်းကတော့တိတ်တိတ်ဆိတ်ဆိတ်ပဲ ထူးဆန်းတယ်မဟုတ်လား...မနက်ခင်းကိုရွှေရောင်အချိန်လို သတ်မှတ်ကြတဲ့သူတွေထဲမှာ သေချာတယ်BossJမပါဘူး....

မောင့်အရိပ်Where stories live. Discover now