" ဟုတ်တယ် ငါတို့တွေပြင်ထားတာ မင်းကြိုက်တဲ့ မုန့်တွေလဲပြင်ထားတယ် "
" ဟွန်း ထိုင်စားနေတဲ့သူကများ "
Lu Lu က မဲ့ရွဲ့ကာပြောလာသည်။
" ထိုင်စားတာမဟုတ်ဘူး ကောင်းမကောင်းမြည်းပေးတာ သဘောပေါက်လား အစားအသောက်ဆိုတာ မြည်းပေးရတယ် အဲ့တာမှကောင်းမကောင်းသိတာ "
" တစ်ကိုယ်လုံး ဆင်ခြေဆင်လက်တွေချည်းပဲ "
Baekhyun တစ်ယောက် Kyungsoo နဲ့ Lu Lu ကိုကြည့်ပြီးရယ်လိုက်မိသည်။ တကယ်ပါ ကလေးမိဘတွေဖြစ်နေပြီ အခုထိကလေးဆန်ကြတုန်း။
" ကဲပါ တော်ကြဝောာ့ ငါဒီနေ့တော့ နားရမှာမလား "
" နားလေ Baek ရာ အဲ့နှစ်ကောင်ကို အဖက်လုပ်မနေနဲ့ အချိန်တိုင်းသက်နေတာ လာလိုက်ခဲ့ "
Chen ကပြောလဲပြော Baek ရဲ့ ခရီးဆောင်အိတ်ကိုပြောင်းသယ်ကာ သူတို့ပြင်ထားတဲ့ အခန်းသို့ ဦးဆောင်ခေါ်သွားလိုကါသည်။ Sehun နဲ့ Minseok ကတော့ Kyungsoo သူငယ်ချင်းတွေကို ထားခဲ့ပြီး ထွက်သွားနှင့်လေပြီ။ Baek ကိုမြင်ရင် သူတို့သူငယ်ချင်း Kai ကို သတိရလာတာကြောင့် ။ ဘယ်လောက်ပဲ မေ့ထားတယ်ဆိုဆို တိုက်ဆိုင်မှုတွေရှိရင်သတိရတက်ပြီး သူငယ်ချင်းချစ်သူကိုမြင်ရရင်လည်း ဖြေမဆည်နိုင်တာက ပျောက်မသွားတက်။ သူတို့တောင် ဒီလောက်ဖြစ်နေရင် Baek သာဆို သူတို့မစဉ်းစားရဲ။ သူတို့ရှေ့မှာ ဒီနေ့အချိန်ထိ ကြံ့ခိုင်စွာနေပြတဲ့ ထိုကောင်လေးကိုလည်း တကယ်လေးစားပါသည်။ အမြဲတမ်း သူ့သူငယ်ချင်းတွေအတွက် ပြုံးပေးထားတဲ့ကောင်လေး ၊ အပြုံးတွေက မပီပြင်ရင်တောင် သူ့သူငယ်ချင်းတွေကို အဆင်မပြေတဲ့ဘက်ခြမ်းကို မပြတက်တဲ့ကောင်လေး။ ကံတရားကြီးက ရက်စက်လွန်းသော်လည်း သူတို့တက်နိုင်တာ ဘာတစ်ခုမှမရှိပေ။ ရင်နာစွာကြည့်နေရုံမှတစ်ပါး။
Baek Chen လိုက်ပို့ပေးတဲ့ အခန်းကို ကြည့်လိုက်ပြီး language ကိုဘေးမှာထားလိုက်ပြီး အခန်းပြတင်းပေါက်နားသွားရပ်လိုက်သည်။
' နှစ်တွေကြာနေပြီ အကို ဒါပေမဲ့ ကျွန်တော်မမေ့နိုင်သေးဘူး။ ရွာဝင်လမ်းက သစ်ပင်ကြီးကိုမြင်ရင်လည်း သတိရတယ်။ စိတ်ဆိုးတိုင်းသွားထိုင်တက်တဲ့ ကြာကန်လေးကိုမြင်ရင်လည်းသတိရတယ်။ ရွာပြင်ကလယ်ကွင်းတွေမြင်ရင်လည်းသတိရတယ်။အခုလို ပြတင်းပေါက်နားရပ်နေရင်တောင် အရင်တုန်းက ကျွန်တော့်ကို ချော့ခဲ့တာတွေကို ပြန်မြင်ယောင်နေတုန်းပဲ အကို။ အကိုပြောတော့ ပြန်လာခဲ့မယ်ဆို။ အကိုထွက်သွားခဲ့တာ 10စုနှစ်တစ်ခုကျော်ခဲ့ပြီအကို။ အကိုက ကတိမတည်ဘူးဗျာ။ ကျွန်တော် ပင်ပန်းနေပြီအကို။ ကျွန်တော် ဒီနှစ်တွေမှာ အဆင်ပြေအောင်နေခဲ့ပေမဲ့ အခုကျွန်တော်အရမ်းပင်ပန်းနေပြီ။ ကျွန်တော်လက်လျော့လိုက်ချင်ပြီ အကို။ '
Extra-3
Start from the beginning