One Day:2

123 10 0
                                    

Unicode...

သူမတို့နှစ်ယောက် အခန်းတူတာ ၉နှစ်ပင်ရှိနေပြီး။အမြဲတမ်းတူတူ ထိုင်နေကြပင်။စာသင်ချိန်ပြီးတော့ minaက လုပ်ရမဲ့အိမ်စာတွေစစ်နေပေးမဲ့ momoကတော့ သူမကိုဘေးကနေငေးကြည့်နေခဲ့သည်။

"momoဗိုက်ဆာနေပြီးလား?"

"မဆာသေးဘူး။miကော ဆာနေပြီးလား?"

"miလဲမဆာသေးဘူး။moဆာနေမှာဆိုလို့ မေးကြည့်တာ "

"moက ကလေးမှမဟုတ်တော့တာ "

momoစကားကြောင့် သူမmomoကိုကြည့်မိသည်။momoကသူမကို ကြည့်နေတာကြောင့် သူမအကြည့်ပြန်လွဲရင်

"miကတော့ moကို ကလေးလေးလို့ ထင်နေတုန်းပဲ"

minaတီးတိုးစကားကို သူမကြားလိုက်တာကြောင့် သူမသဘောကျကာ ပြုံးမိသည်။ ခုံပေါ်မှာ ခေါင်းတင်ကာ မှေးရင် သူမminaကို အမြဲကြည့်နေတတ်ပေးမဲ့လဲ minaက သူမကိုတစ်ခါမှမကြည့်ပေ။အမြဲတမ်းစာသာလုပ်နေတတ်သည်။

"mina?"

"အွန်"

"သဘောကျနေတဲ့သူရှိပြီးလား?"

တည်ငြိမ်တဲ့ momoအမေးကြောင့် သူမစာလုပ်နေတဲ့ လက်တစ်စုံက ရပ်ကာ momoကို ငေးကြည့်မိသည်။

"moကော ရှိပြီးလား?"

"ဒီမေးခွန်းက moအရင်မေးတာလေ"

"အဖြေက moအရင်ပေးရင် miလဲဖြေပေးမယ်"

"ရှိတယ်"

ကိုယ့်မေးခွန်းကို သူမေးခွန်းလုပ်လိုက်တဲ့minaကို သူမအပြစ်မဆိုနိုင်ပေ။ခေါင်းညိမ့်ကာ minaအမေးကို သူပြန်ဖြေမိတော့ minaမျက်၀န်းတွေက အံအားသင့်သွားပေးမဲ့ သူမကို အကြည့်လွဲကာ ရှောင်သွားသည်။

"ဘယ်သူလဲ?သူက?"

momoကို အကြည့်လွဲကာ ပြန်မေးတဲ့ အမေးကြောင့် သူမminaအနားကိုတိုးကာ minaကို ကြည့်ရင်

"လျို၀ှက်ချက်"

သူမနားအနားကို တီးတိုစွာပြောလိုက်တဲ့momoစကားက သူမကို ၀ေခွဲမရဖြစ်စေသည်။

"miသဘောကျတဲ့သူကကော ဘယ်သူလဲ?"

momoအမေးကိုသူမမဖြေသေးဘဲ စာအုပ်တွေကို သေချာထပ်ကာ စားပွဲတင်ကာ စီနေတုန်းmomoကတော့ သူမအဖြေကို စောင့်နေခဲ့သည်။momoသူမကို ကြည့်နေတာကို သူမသတိထားမိတာကြောင့် သူမပြုံးကာ momoနားအနားကို တိုးလာရင်

Twice One Short CollectionWhere stories live. Discover now