Chapter - 9 (U+Z)

Start from the beginning
                                    

လင်းမန်က သူ့လက်ကို စုလင်းပုခုံး​ပေါ် တင်လိုက်ပြီး

"မင်း ဘာလုပ်​နေတာလဲ?"

စုလင်း မတ်တပ်ရပ်လိုက်ပြီး ​ဘေးကို​လျှောက်သွားကာ လင်းမန်အတွက် လမ်းဖယ်​ပေးလိုက်သည်။

"မင်း အရင်ထိုင်ပါ။ ငါ လုပ်စရာရှိ​သေးလို့"

လင်းမန်က သူ့ကို ထူးဆန်းစွာကြည့်လာပြီး

"ဘာဖြစ်လို့လဲ?"

စုလင်း ပြုံးလိုက်ပြီး

"ခဏ​နေ သိလိမ့်မယ်"

စာသင်ခန်းသည် အချိန်တိုအတွင်းမှာပဲ လူစုံသွားခဲ့သည်နှင့်အမျှ တစ်​ယောက်တည်းရပ်​နေခဲ့သည့် စုလင်းပုံက ပိုသိသာထင်ရှားလာသည်။

​ကျောင်းချီက သူ့ကိုကြည့်ပြီး

"မင်းက ဒီနားမှာ ရပ်ပြီး ဘာလုပ်​နေတာလဲ? အရူးလိုပဲ!"

စုလင်း သူ့ကို လျစ်လျူရှုလိုက်သည်။ ဆရာက အတန်းထဲကို ​လျှောက်ဝင်လာခဲ့​သောအခါ စုလင်းက လက်​မြှောက်လိုက်သည်။ သို့​သော် တကယ်တမ်းမှာ ဆရာက သူ့ကို သတိထားမိပြီးဖြစ်လို့ သူအဲ့လိုလုပ်ဖို့ မလိုခဲ့​ချေ။

"စုလင်း အဲ့ဒီနားမှာ ဘာလို့ရပ်​နေတာလဲ?"

စုလင်း: "ဆရာ တစ်​ယောက်​ယောက်​က ကျွန်​တော့်ခုံကို ​ကော်နဲ့သုတ်သွားပါတယ်။ ကျွန်​တော် CCTVကို စစ်​​ဆေးကြည့်ခွင့် ပြု​ပေးပါ"

စာသင်ခန်းထဲက လူတိုင်း ချက်ချင်းဆိုသလို စတင် စကား​တွေ ညံလာကြပြီး ​ကျောင်းချီနဲ့ သူ့သူငယ်ချင်းက​တော့ ​ထိတ်လန့်သွားခဲ့ပြီး မကြာမီပဲ တုန်လှုပ်လာကြသည်။

ဆရာက မျက်​မှောင်ကြုတ်လိုက်ပြီး ​မေးသည်။

"မင်း ​သေချာရဲ့လား?"

စုလင်းက ​ခေါင်းငြိမ့်သည်။

"ဟုတ်ကဲ့။ ဒါ ​ကော်အပြင်းစားပါ။ သာမာန်​ပျော်​စေပျက်​စေထက်ပိုပါတယ်။ ဒါဘယ်သူလုပ်လဲ ကျွန်​တော် သိချင်ပါတယ်။ ​ဒါမှ အနာဂတ်မှာ ကျွန်​တော် မ​တော်တဆ တစ်ခုခုဖြစ်ခဲ့ရင် ရဲ​​တွေ စုံစမ်းစစ်​ဆေးဖို့ သံသယရှိသူ ရှိလာလိမ့်မယ်။"

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now