Part(12)

318 46 2
                                    

"စက်ဝိုင်းခြမ်းနဲ့သေချာတိုင်း
ပြီးရင်အစက်ချ ဒီလိုလေး ​ထောက်ဆူးနဲ့သေချာ ဝိုက် နည်းနည်းလေး ဒီဂရီစောင်းတာနဲ့  အဖြေမမှန်တော့ဘူး ကိုယ်ဆွဲပြလိုက်တာ နားလည်လား ''

"ဟုတ် နားလည်ပါတယ် ''

"Ok အဲ့တာဆို ချတွက်ကြည့်လိုက် ဒီတစ်ပုဒ်ပြီးရင်ဆင်းပေးမယ်''

"ဟေ့ ပျော်စရာကြီး''

"အမယ် သိပ်ပျော်နေတယ်ထင်ပါ့ ညစ်ပြီး ထပ်တွက်ခိုင်းလိုက်ရ''

"မလုပ်ပါနဲ့ ကိုးနာရီတောင်ထိုးတော့မှာကို ၇နာရီကတည်းကထိုင်တွက်နေရတာ ညောင်းလှပေါ့''

"အမယ် ကြားထဲရေသောက်လိုက်သေးပေါက်လိုက် မုန့်စားလိုက် လုပ်နေတာကြထည့်မပြောဘူး ''

"ဟီး အဲ့တာကညောင်းလို့ပါ''

"အေးပါ ဟုတ်ပါပြီ ခုနေစကားများနေတာပိုကြာတယ် တွက်လိုက်တော့''

"ဟီး ဟုတ်''

မေ တကုတ်ကုတ်နဲ့ထိုင်တွက်နေတာကို သန့် ငေးကြည့်နေမိသည်။ တကယ် အပစ်ကင်းစင်ပြီး ချစ်စရာကောင်းတဲ့ ယုန် သူငယ်လေးနဲ့ ပင်တူသေးသည်။ ပါးဖောင်းဖောင်းလေးတွေက အမြဲဖြစ်ညှစ် ချင်စရာကောင်းအောင် စွဲဆောင်နေသယောင်ယောင် ။ ရှက် လာလျှင်လည်း ပါးတင်မက နားလေးများပါရဲတက်လာတက်သည်။

"ရှင် ရှင် ရှင် လို့''

"ဟင် ဟင် ဘာလဲပြောလေ ''

"ဘာတွေငေးနေတာလဲ မျက်နှာတခုခု ကပ်နေလို့လား ''

"မဟုတ်  အယ် ဟုတ်တယ်''

"ဘာကပ်နေတာလဲဟင်''
သူ့မျက်နှာလေးသူ ဟိုစမ်းဒီစမ်းလုပ်ကာမေးနေသည်။

"နှာခေါင်းလေ မေ့မျက်နှာမှာ နှာခေါင်းကပ်နေတာ ဟ ဟ''

"ဟာ ဒီကတကယ်မှတ်လို့ လိုက်စမနေနဲ့ကွာ စာပြီးပြီ ပြောနေတာကြာလှပေါ့  ဘာတွေငိုင်နေလဲမသိဘူး ဟွန့်''

"အေးပါ အေးပါ နားတော့ ကိုယ်လည်း ပြန်ပြီ''

"ဟုတ် တာ့တာ အောက်ထပ် လိုက်မပို့တော့ဘူးနော် မေမျက်နှာသစ်ပြီးအိပ်တော့မယ်''

"အေးပါ ငပျင်းမလေးရာ ကိုယ်သွားပြီ''

"ဟုတ်''

more than 1500 loveWhere stories live. Discover now