Part(3)

423 51 3
                                    

ဒီလိုနဲ့ အဖေမတူ အမေကွဲ မောင်နှမနှစ်ယောက် တည့်သည်လည်းမဟုတ်
မတည့်ဘူးလဲမဟုတ် အတူ ကျောင်းသွားလိုက်ပြန်လိုက်ဖြင့် စာသင်နှစ်တစ်နှစ်ကုန်ဆုံးလာသည်။ တည့်သည်ဟုဆိုချင်းက သူရမှာ သန့်ကို ​ပြဿနာတစ်ခုခု​​ဖြင့် လာလာချိတ်လျှင်သန့်မှာရှောင်ထွက်သွားတက်၍ ပြဿနာသိပ်မဖြစ်သည်ကို ဆိုလိုချင်းဖြစ်သည်။

သန့်ကအနေအေးသလောက် သူရမှာ စကားအလွန်များ၍ တခုခုဆိုပုံကြီးချဲ့တက်လွန်းသည့် ဓာတ်ပုံဆရာဖြစ်သည်။

သန့်တို့ရဲ့နေ့စဥ်ဘဝကကျောင်းတက်နေတုန်းတလျောက်ထူးခြားသည်မရှိ ပုံမှန်ပင်ဖြစ်သည်။ထူးခြားလာသည်က နွေရာ သီကျောင်းပိတ်ပြီးနှစ်ပတ်လောက် အကြာတွင် ဘေးအိမ်သို့မိသားစုတစ်စု ပြောင်းလာခဲ့သည်မှစတင်ခဲ့သည်။

ထိုနေ့က သန့်မိမိအခန်း အပြင်ဘက်ရှိ ဝရန်တာတွင်စာဖတ်နေချိန် လူမနေတာကြာသည့် ဘေးအိမ်သို့ ပစ္စည်းအများအပြားတင်ထားသည့်ကုန်ကားတစ်စီး ရောက်လာပြီး လူကြီးတစ်ယောက်မှ အိမ်ထောင် ပရိဘောဂများချရန်ညွှန်​ကြား​နေသည်ကို သတိထားမိသည်။ သိပ်မကြာ Taxiတစ်စီးရောက်လာပြီး ထိုကားပေါ်မှ အမျိုးသမီးကြီးတစ်ယောက်နှင့် ဆံပင်နှစ်ဖက်ခွဲစည်းထားသည့် ပါးဖောင်းဖောင်းနဲ့ချစ်စရာ​​ကောင်း​သော ခပ်ငယ်ငယ်ကောင်မလေးတစ်ယောက်ဆင်းလာသည်ကိုတွေ့လိုက်ရသည်။

တစ်စုံတစ်ယောက်က ကိုယ့်ကိုကြည့်နေလျှင်အလိုလိုခံစားမိသည် ဆိုသည့်စကားဟာအမှန်ပင်ဖြစ်လိမ့်မည်။ မိမိသည် ထိုချစ်စရာကောင်းသည့်ကောင်မလေးအား မည်မျှပင်ကြည့်နေမိသည်မသိ အနှီကောင်မလေးမိမိအိမ်ဖက်မော့ကြည့်လာတော့မှ အကြည့်လွှဲမိတော့သည်။ ခဏအကြာ ထိုနေရာသို့ပြန်ကြည့်တော့ မည်သူမျှမရှိတော့ပါ အိမ်ထဲဝင်သွားကြပြီ ဖြစ်ပါလိမ့်မည်။

ထက်သူရကို လည်း ခြံထဲတွင်စာဖတ်နေချိန် တစ်ဖက်ခြံမှ အိမ်ပြောင်လာဟန်တူသည့် အခြေအနေများကိုတွေ့လိုက်ရသည်။

ရက်အနည်းငယ်အကြာ

'တီးတောင် တီးတောင်'
အိမ်ရှေ့မှလူခေါ်bellသံ ကြားနေသည်မှာအတော်ကြာပြီ။ မည်သူမျှထွက် မဖွင့်ဘူးလားမသိ သန့်တစ်ယောက်စာဖတ်နေရာမှ ဝရန်တာသို့ထွက်ကြည့်လိုက်သည်။

more than 1500 loveOnde histórias criam vida. Descubra agora