Part (6)

337 45 3
                                    

" စနင်းမယ် သေချာကိုင်ထားနော်''

"ဟုတ်''

သန့်တစ်ယောက်စနင်းလေသည်။
မေ့ခေါင်းက သန့်နှာခေါင်းနှင့်တစ်တန်းတည်းဖြစ်နေ၍ ချိုချိုအီအီ မွှေးရနံ့လေးက သန့်နှာခေါင်းကို ကလူကျီဆယ်နေသည်။ သတိလက်လွတ် ကုန်းနမ်းမိလိုက်သည်။

"ရှင် ခေါင်းကိုနမ်းလိုက်တာလား''

"အယ်..မဟုတ် မဟုတ်ပါဘူး ဘာ.. ဘာခေါင်းလျော်ရည်သုံးတာလဲ အဲ့.. အဲ့တာမေးမေး မလို့ ရုတ်တရက်ထိမိသွားတာပါ''

ကိုယ်ကိုယ်တိုင်လဲ ဘာကြောင့်မသိ နမ်းလိုက်မိချိန် လူမိသွားတော့ ရင်တေအဆမတန်ခုန်ကာ စကားများပင်ထစ်ကုန်သည်။

"မသိဘူး မေမေဘူးလိုက်ဝယ်ထားတာလေ''

"အော် ရှေ့နားဆို ဘောလုံးကွင်းရောက်ပြီ'' ဟုဆိုကာ စကားလမ်းကြောင်းလွှဲလိုက်ရသည်။

"ကယ် ရောက်ပြီ ဆင်း''

"ဟုတ်''

"ကိုယ်တစ်ပတ် စီးပြမယ် ကြည့်ထားနော်''

"ဟုတ်''

သန့် သူ့နားလေးတင် သုံးပတ်လောက်နင်းပြပြီး

" တွေ့လား ခါးငြိမ်ဖို့အဓိကဘဲ လာ ခွလိုက် ''

"ဒီလိုလား ''

"အင်း ခါးကိုမတ်ထား ညာခြေကိုမြေမှာထောက် ခြေနင်းတံကိုထောင်ထား ဘယ်ခြေနဲ့စနင်းနော် ကိုယ်နောက်ကထိန်းထားပေးမယ်''

"ဟုတ်''

သန့်ပြောသည့်အတိုင်း မေစနင်းလေသည်။

"ခါးကိုလိုက်မစောင်းနဲ့လေ မတ်မတ်ထား လက်ကိုက်ကို လိုသလိုယူလို့ရအောင် အတင်းကြီးဆုပ်မထားနဲ့''

"ဒီလိုလား ''

"အင်း ဟုတ်တယ် အဆင်ပြေလာပြီ နင်းထား''

"မလွှတ်လိုက်နဲ့နော်''

"အေးပါမလွှတ်ပါဘူးကွာ''

" ခါးကိုမစောင်းလိုက်နဲ့ okတော်လာပြီ''

နာရီဝက်​ လောက်ကြာတော့ မေ ​နင်းတာ အတော်လေးအဆင်ပြေနေပြီမို့ သန့်အသာလေးလက်လွှတ်ပေးလိုက်သည်။

more than 1500 loveWhere stories live. Discover now