Part(5)

373 53 3
                                    

အနှီကောင်မလေးနဲ့ စကားပြောခဲ့ရ၍ပျော်ခဲ့သလိုရှိသော်လည်း နောက်ဆုံးပြောသည့်စကားတွင်အနည်းငယ်ဝမ်းနည်းမိသည်။ အန်တီခင်ကို အမေလိုမသတ်မှတ်နိုင်သော်လည်း မိသားစုလိုတော့သဘောထားပါသည်။အန်တီခင့်ဘက်က မိသားစုလိုက်မိတ်ဆက်သည်တွင် မိမိနာမည်ထည့် မိတ်မဆက်ပေးသည်ကိုတော့အနည်းငယ်ဝမ်းနည်းသည်။ ဝမ်းနည်းယုံကလွဲ၍ ဘာတက်နိုင်မည်နည်း။

"ဟိတ်ယောင် မင်းသန့် လမ်းလျောက်ထွက်တာလား''

"အင်း ''

"မင်းမျကိနှာကလည်းကွာ အမြဲဆူပုတ်နေတာဘဲ''

သန့်ဘာမှမပြောမိ။သူ့အားကျော်ကာထွက်လာသည်။

"ဟိတ် မင်းကိုပြောနေတယ်လေ အရေးမလုပ်တာလား''ဟုဆိုကာ သန့် ပခုံးအားလှမ်းဆွဲသည်။

"သူရ ရာ ပြသနာမရှာစမ်းပါနဲ့ကွာ''

"ဘာ ငါကပြသနာရှာတယ်ဟုတ်လား ''

"..''

"တစ်အိမ်ထဲနေတဲ့သူအချင်းချင်းမို့ စကားပြောမိတာ ပြောချင်လွန်းလို့ထင်မနေနဲ့''

"ငါစိတ်မကြည်လို့ပါ အေးဆေးနေ''

"ဘာလဲ မင်းအဖေက ရှာကျွေးနေတယ်ဆိုပြီး တလောကလုံးမင်းလုပ်စာစားနေသလို အချိုးမျိုးချိုးနေတာလားမင်းက''

"အေးအဲ့လိုထင်တယ်မလားထင်လိုက်''

ထိုစကားကြားတော့

"ဘာကွ မင်း''ဟုဆိုကာ အင်ကျီစကိုဆွဲ၍ လက်သီးနဲ့ ရွယ်လာသည်။

"ဟဲ့ ကလေးတွေ ဘာဖြစ်ကြတာလဲ သားလွှတ်စမ်း ''

အန်တီခင် ဝင်တားမှ အင်ကျီစကိုလွှတ်ပေးလာသည်။

"ဘာဖြစ်ကြတာလဲကလေးတို့ရယ်''

"ဘာဖြစ်ရမှာလဲအမေရာ သူ့အဖေလုပ်ကျွေးနေတယ်ဆိုပြီး အထက်စီးကနေဆက်ဆံတာ သားတော့မခံနိုင်တော့ဘူးဗျာ''

"ဟုတ်သလား သန့် ညည်းအဲ့လိုဘဲပြောလား ဟင်'' ဟု သန့်အားအော်တော့သည်။

သန့် စကားပြန်မဆိုမိ

"သန့်ရယ် အန်တီခင်ကတော့မိသားစုလိုသဘောထားလိုက်ရတာကွယ်''

more than 1500 loveWhere stories live. Discover now