Part(4)

407 49 3
                                    

At 6 o'clock ....

" ဟိုရှေ့က ကိုကို''

"ကိုကိုလို့''

"ကိုကိုဆို မကြားဘူးလား''

ပြောလဲပြော သန့်ကိုနောက်ကနေလာဆွဲသည်။ ခေါ်သံတော့ကြားသည် ကိုယ့်ခေါ်မှန်း မသိ၍ လှည့်မကြည့်မိ။
ဆွဲလှည့်ခံရလို့ ဒေါသထွက်စွာ မျက်မှောင်ကုတ်၍ ကြည့်လိုက်တော့ ဘေးအိမ်ကကောင်မလေးဖြစ်နေသည်။ဆံပင်နှစ်ဖက်ခွဲစည်းထား၍ တောက်လျောက်ဂါဝန်လေးဝတ်ထားသည့် ကောင်မလေးက မိမိအင်ကျီကိုဆွဲထားသည်မှာလွှတ်မပေးသေး။

"လွှတ် ကွ ''

"ကိုကို ကလဲ မအော်ပါနဲ့ မီးခေါ်နေတာလှည့်မှမကြည့်တာ''

"ငါ့နာမည်ခေါ်တာမှမဟုတ်ဘဲ ဘယ်လှည့်ကြည့်မလဲ''

"ကိုကိုကလည်းနာမည်မှမသိဘဲ ကိုကိုအရွယ်မို့ ကိုကိုခေါ်တာပေါ့''

ပါးဖောင်းလေးက နှုတ်ခမ်းဆူရင်းပြော​​နေသည်မှာ ချစ်စရားကောင်းလွန်း၍ စိတ်တိုနေတာတောင်ပျောက်သွားသည်။

"ကယ်ဆို ဘာပြောမလို့လဲ''

"ကိုကိုကမနက်တိုင်စက်ဘီးစီးတယ်မလား ဒီနေ့စက်ဘီးပါတာမမြင်လို့ မေးကြည့်တာ''

ဟိုနေ့ကအိမ်တက်ကို မိမိကျမဖိတ်ရကောင်းလားဆိုပြီးတင်းနေသည့် ဓာတ်ခံလေးကရှိတော့

"ဟ ငါနဲ့မင်းလဲသိလဲမသိဘဲနဲ့ ငါ့ဘာသာ စက်ဘီးနဲ့သွားသွား လမ်းလျောက်သွားသွား မင်းကဘာလုပ်မလို့လဲ''

သန့် အသံအနည်းငယ်​​မြှင့်၍ပြောလိုက်တော့ မျက်နှာငယ်လေးဖြင့်

"ကိုကိုကလည်း မီးက ခင်ချင်လို့ပါ မီးတို့ကခုမှပြောင်းလာတာဆိုတော့အဖော်မရှိဘူး အိမ်နားကလဲ ရွယ်တူက ကိုကိုတို့ဘဲရှိတာကို "

ဒီလိုဆိုတော့လည်း သန့်စိတ်ထဲမကောင်း ကိုယ်တစ်ယောက်တည်းနေလာတာ အသားကျနေပေမယ့် သူ့ခမြာတော့အဖော်လိုချင်ရှာလို့လာမိတ်ဆက်တာကို လွှတ်ဟောက်နေမိတာမလား။

"ဟုတ်ပါပြီ ခင်ချင်တယ်ဆိုတော့ မင်းကငါ့ကိုသိတယ်ပေါ့''

"သိတယ်လေ ကိုကိုက မီးတို့ခြံဘေးကမလား မီးတို့ ပြောင်းလာတဲ့နေ့က ကို့ကို့ကိုတွေ့လိုက်တာ အဲ့နေ့ကတည်းက မီးကခင်ချင်တာ''

more than 1500 loveDonde viven las historias. Descúbrelo ahora