"ဟုတ်..အဲ့ကိစ္စအဆင်ပြေပါတယ်....အားလုံးစီစဥ်ပြီးသားပါ..."
အလုပ်တွေပဲဖိခိုင်းနေတယ်သူကျတော့ပြုံးချိန်ရသေးတယ် ငါတို့ကျဘာမှမရသေးဘူး...

"အေး...ပစ္စည်းတွေတစ်ခုမှအထိခိုက်မဖြစ်စေနဲ့...အရေးကြီးတယ်..."

"ဟုတ်ကဲ့ပါBoss...."

"အေး...ငါနားတော့မယ် ကျန်တာမင်းတို့လုပ်ထားလိုက်တော့.....yoongi စုံစမ်းပေးမြန်မြန်..."

"ဟုတ်ကဲ့ပါ Bossရယ်...တော်တော်ဖြစ်နေတယ်...."
(တော်တော်ဖြစ်နေတယ်ဆိုတာ မကြားအောင် ပြောလိုက်တာပါ)

"Hyungနော် ကြားသွားဦးမယ်...."

"ကြားအောင်ပြောမလားကွ....မင်းကတစ်မျိုး..."

>>>>>>

"CEOဧည့်သည်နဲ့သွားတွေ့တာ ကြာလိုက်တာအဆင်မပြေလို့လား..."

"မဟုတ်ပါဘူး...အပြန်မှာအဘိုးတစ်ယောက် လမ်းကူးတာကို ကူညီနေလို့ပါhobiရဲ့ ..."

"တော်သေးတာပေါ့...ကျွန်တော်မပါတော့ စိတ်ပူနေတာအဆင်ပြေပါ့မလားလို့.."

"ပြေတယ်မပူနဲ့...."

"ဟုတ်ကဲ့ပါ..."

ရုံးခန်းထဲပြန်လာခဲ့တော့ ဆိုဖာမှာထိုင်နေတဲ့လူသား....အနောက်ဘက်ကကြည့်ရုံနဲ့တင် စိတ်လှုပ်ရှားစေနိုင်တဲ့လူ.....

"ဘယ်သူလဲ မသိဘူး..."
ကိုယ့်ရုံးခန်း ကိုယ့်ဆိုဖာမှာထိုင်ပြီး ကိုယ့်ကိုစိတ်လှုပ်ရှားစေတဲ့သူ.....
မေးနေတုန်း hobiကဝင်လာပြိီးမိတ်ဆက်ပေးတယ်...

"အော် ပြောဖို့မေ့သွားတာCEO ဒီပုဂ္ဂိုလ်က Kim Nam Joonတဲ့ SevenSကုမ္ပဏီရဲ့CEOပါ..."

"ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်..."

"ဒါကတော့ K-Groupရဲ့CEO Kim SeokJinပါ..."ဆိုတဲ့
မိတ်ဆက်္မူအပြီးမှာ ကြားလိုက်ရတဲ့ သူအသံ ယောင်္ကျားပီသလွန်းတဲ့ အသံပိုင်ရှင် ပြုံးလိုက်ရင်ချိုင့်ဝင်သွားပါးချိုင့်ကြီးကြောင့် မြင်သူတိုင်းပြုံးမိတဲ့မျက်နှာမျိုးပိုင်ဆိုင်ထားတဲ့အမျိုးသား...

"အာ...ဟုတ်ကဲ့ နာမည်တော့ကြားဖူးတာကြာပါပြီ လူကိုအခုမှတွေ့ဖူးတယ်။ သိပ်တော်တဲ့လူတစ်ယောက် ကျွန်တော်တို့စီးပွားရေးလောကထဲရှိနေတာ ဂုဏ်ယူစရာပါပဲ...."

မောင့်အရိပ်Where stories live. Discover now