"ဖယ်...ကျွန်တော်ခေါ်လိုက်မယ်....အမယ်လေး..ဘုရားသိကြားမပါ...ဘုရား..
ဘုရား..."
ကျွန်တော်ကိုနတ်ဒေဝါတွေကယ်ကြပါ...
"Boss....Boss...Boss.."
(အသံတိုးတိုးလေးနဲ့ခေါ်နေတာ...)
ဖြန်း....
"အ့...နာတယ်hyungကလည်း.."
"အဲ့အသံနဲ့ခေါ်မှတော့ကြားပါ့မလား...ဖယ်ငါ့ဘာသာပဲခေါ်တေ့ာမယ်..."
စိတ်မရှည်တဲ့အဆုံးကိုယ်တိုင်ပဲခေါ်ရတော့မယ်....
"Boss...Boss....Boss.."
သုံးခါလောက်ခေါ်လိုက်တော့မှပဲ....
"ဟမ်...အေး...ကားကဘာလို့ရပ်လိုက်ထားတာလဲ...."
အတွေးထဲထိ စိုးမိုးလွန်းတယ်ကောင်လေးရယ် ဘယ်လိုလုပ်ရမလဲ ရူးတော့မယ်ထင်တယ်....
"ကားရပ်ထားတာက အိမ်တော်ရောက်နေလို့ပါ...ဆင်းတော့မလားBoss..."တဲ့ yoongiကမေးတော့.. ဒါဆိုရောက်တာကြာပြီပေါ့ အရှက်ကွဲပါပြီ ဒီကောင်လေးပြုစားလွန်းတာကြောင့် တပည့်တပန်းတွေရှေ့အရှက်ကွဲရပြီ....
"အေး....ရောက်တာလည်းပြောမှပေါ့...ငါ့ကိုဒီတိုင်းကြီးထားရလား..!!!"
အရှက်ပြေဟောက်လိုက်တော့မှပဲ....
"တောင်းပန်ပါတယ် Bossရယ် ဟို...ပြုံး.."
စကားတောင်မဆုံးသေးဘဲ ဖြတ်ပြောလေတဲ့boss..
"တော်...ဘာပြုံးတာလဲ ဘာမှမပြုံးဘူး မင်းကိုစုံးစမ်းခိုင်းတာသာ စုံးစမ်းထား...ကြားလား..."
တော်သေးတယ် ပိတ်ဟောက်လိုက်လို့ မဟုတ်ရင်ကအကြီးအကျယ်အရှက်ကွဲတော့မယ်.....
ကားပေါ်ကဆင်းတာနဲ့ အလုပ်သမားအားလုံးဟာ ဦးညွတ်ကြိုဆိုနေပြီးသား....ဖိနပ်ချွတ်ပေးမယ်သူ slipperစီးပေးမယ့်သူ အားလုံးဟာအဆင်သင့်...ကားထဲထိုင်ပြီးပြုံးနေမိတော့ လူကနည်းနည်းတော့ရှိန်းတိန်းဖိန်းတိန်းနဲ့....ဧည့်ခန်းထဲခြေချိတ်ထိုင်ရင်း အလုပ်ကိစ္စပြန်ဆွေးနွေးရမယ်....ဒါမှမေ့ပျောက်မှာ...
"အဟမ်း...taehuyng...."
ချောင်းဟန့်သံအနည်းငယ်ပေးပြီးမှ...
"Bossမနားသေးဘူးလား...ပင်ပန်းလာတာကို..."
"ပစ္စည်းတွေကမ်းစိုက်နေပြီဆို အဆင်ပြေလား..."
ငါ့ကိုလာပြီးလှောင်မနေနဲ့ လုပ်လိုက်ရ...
^2^
Mulai dari awal
