"မင်းက ငါ့ကိုကွက်ကျော်ရိုက်တယ်...ဟက်...ဟုတ်လား..."
တစ်လုံးချင်းစီ ပြတ်သားလွန်းတဲ့လေသံကြောင့် တိတ်ဆိန်နေတဲ့ဂိုထောင်ဟာ ခြောက်ခြားဖွယ်ကောင်းလှသည်...
ဆေးလိပ်ကိုပြာအနည်းငယ် ခါချပြီး ခုံပေါ်ခြေတစ်ဖက်တင်ပြီး သကောင့်သားအား ငုံကြည့်ရင်းမေးလာလေတော့...ခပ်ထေ့ထေ့တောင်မကြည့်နိုင်တော့တဲ့ကောင် တုန်လှုတ်ခြောက်ခြားနေမှာအသေချာပဲ....
"ငါဘယ်သူလဲ မင်းမသိဘူးလား..."
"သိ...သိ...သိပါတယ်...."
"စကားတောင် ထစ်ကုန်ပြီ...taehyungရေ...ငါဘာမှမလုပ်ရသေးဘဲ ကြောက်နေပြီလား...ဟား..ဟား..."
စကားထစ်လို့ကြောက်နေတဲ့အကောင်ကို taehyungကိုပြောရင်းစနောက်လေတော့....taehyungက...
"Bossကိုကြောက်တာ ဆန်းမှမဆန်းတာဗျာ ဒီကောင်သေးမထွက်တာပဲ တော်သေးတယ်....ဟား..ဟား."
ဟုတ်တယ်..အရင်ကကောင်တွေဆို Bossကြည့်ရုံနဲ့ သေးထွက်နေပြီ...တကယ့်ကောင်တွေ ထိစရာရှားလို့ ဒီလူကိုမှရွေးထိတာကို...
"မလုပ်ပါနဲ့ဗျာ....တောင်း...တောင်းပန်ပါတယ်...အား!!!!.."
ရီသံကြားလေတော့ ချက်ချင်းတောင်းပန်လာတဲ့ကောင် သိပ်ကြောက်နေမှန်းသိသာတယ်...တောင်းပန်နေရင်း အသံကျယ်လေတော့...မီးရဲရဲတောက်နေတဲ့ ဆေးလိပ်နဲ့ အော်နေတဲ့ပါးစပ်ဖို့ ထိုးဖိလေတော့ ငယ်သံပါတဲ့အော်သံမျိုး...မထူးဆန်းတော့ပါ ကြားရရိုးနေပြီမို့....
"ဖြေစမ်း!!!!...မင်းကဘယ်ကကောင်လဲ....ဘယ်သူလွှတ်လိုက်တာလဲ...ဖြေ!!!..."
လုံးဝပြောင်းလဲသွားတဲ့အသံနဲ့ မျက်နှာထားဟာ နေရောင်ပါမှိန်သွားစေမယ့် တိမ်စိုင်တွေလို ညို့မှိုင်းလာခဲ့ပြီ....
"မဖြေဘူးလား....ရတယ်လေ..."
ဒိုင်း....ဒိုင်း...
"အား!!!!!..."
သေနတ်ကိုဆွဲပြီး ခြေထောက်နှစ်ဖက်ထဲ ကျည်ဆန်နဲ့ဖြိုခွင်းလေတော့ ကျယ်လောင်တဲ့အသံဟာ ဂိုထောင်ထဲဟိန်းလို့ပေါ့....
"ပိတ်ထားတုန်းလား..ဟမ်!!!..."
"တောင်း...တောင်းပန်ပါတယ်...မသတ်ပါနဲ့..."
