အနက်ရောင်သန်းချီတန်တဲ့ ကားကြီးဟာမောင်းနှင်းသူBossရဲ့ ညာလက်ရုံးmin yoongiဆိုသူနဲ့ Bossသာပါသည်...မြို့ပြင်တစ်နေရာက Bossရဲ့ပိုင်ဆိုင်တဲ့ဂိုထောင်ကြီးဆီကို တစ်နာရီလောက်မောင်းလာခဲ့တယ်....

"ရောက်ပါပြီ...Boss.."
ကားတံခါးဖွင့်ပေးပြီးသည်နှင့် အနက်ရောင်leather shoeနဲ့ဆင်းလာတဲ့Boss ပတ်ဝန်းကျင်တောင် မှောင်ရိပ်သန်းသွားတယ် ထင်ရအောင် လွှမ်းမိုးနိုင်သူ...

"Boss ရောက်လာပြီလား..."
ခါးညွှတ်လို့နူတ်ဆက်သူ ဘယ်လက်ရုံးKim Taehyung...

"ဟိုကောင်ဘယ်မှာလဲ...."

" အထဲမှာပါ..."
ဟိုကောင်ဆိုတာ Bossရဲ့စားကျက်ထဲ ကွက်ကျော်လာရိုက်တဲ့ကောင် မူးယစ်ဆေးနဲ့ဆားတွေကို အချိုးကျရောပြီးလာလိမ်တာ...အခုတော့Bossရဲ့လက်ထဲလုံးပါးပါးဖို့ အသက်ရယ်ကဖျော့တော့တော့ပေါ့...စမ်းစရှားလို့...

"ရေနဲ့ပတ်လိုက်..."
ခုံပေါ်မှာ သတိလစ်နေတဲ့ကောင် ငါ့ကိုကျော်ဖို့စဉ်းစားတဲ့သတ္တိကိုတော့ လေးစားမိပါတယ် မင်းမို့လို့မကြောက်မလန့်...

"ဟုတ်ကဲ့Boss.."

ရေနဲ့ပတ်လိုက်တော့ ရေမွန်းပြီးဝူးဝူးဝါးဝါးနဲ့နိုးလာတယ်...

"Yoongi...သူတို့မေးစမ်...ဘယ်ကကောင်လဲလို့..."

"ဟုတ်..Boss.."
ထိုင်ခုံမှာ ခြေထောက်ချိတ်လို့ ဆေးလိပ်ဖွာရင်း အရသာခံကြည့်ဖို့ စတင်လေတော့ ကိုယ်ကသူ့ရဲ့ဓားတစ်ချောင်းမို့ ခုတ်ဖို့ရာဇာတ်လမ်းစရပြီ....

"မင်းဘယ်သူလဲ....မင်းဘယ်သူလဲ...မေးနေတယ်လေ..!!!!"
ဟိုကောင်ကခပ်ထေ့ထေ့ပုံစံနဲ့ Bossကိုပဲကြည့်နေပြီ မေးသမျှ ဘာမှမဖြေ...ကျွန်တော်ကလည်းစိတ်သိပ်ရှည်တဲ့ထဲမပါဘူး...ဒေါသကထွက်လာလေတော့...

"ခွပ်.."
အားပြင်းလားမမေးနဲ့ လူရောခုံရော အတုံးအရုန်းပဲ....

"Wow..အဲ့လက်ဆကိုကြိုက်တာ ပြန်ထူလိုက်..."ဆိုတဲ့ ကျေနပ်နေတဲ့လေသံမျိုး....ဒီတစ်ခါတော့ Bossကိုယ်တိုင်ထလာပြီမို့ ရှောင်ရတော့မည်...
အနက်ရောင် coatကိုချွတ်ပြီး teahyungဆီပစ်ပေးလိုက်ကာ အင်္ကျီကိုကြယ်သီးနှစ်လုံးလောက်ဖြုတ်ကာ လက်တွေခေါက်တင်လိုက်တဲ့အခါ အသားဖြူဖြူပေါ်က အနက်ရောင်ဆေးသားတွေက ပိုလို့ထင်းကြွလာကာ နတ်ဆိုးအသွင်ကိုထောက်ပံသည့်သလား...

မောင့်အရိပ်Donde viven las historias. Descúbrelo ahora