"ငါဘယ်သူလဲ မင်းမသိဘူးလား..."

"သိ...သိ...သိပါတယ်...."

"စကားတောင် ထစ်ကုန်ပြီ...taehyungရေ...ငါဘာမှမလုပ်ရသေးဘဲ ကြောက်နေပြိီလား...ဟား..ဟား..."

စကားထစ်လို့ကြောက်နေတဲ့အကောင်ကို taehyungကိုပြောရင်းစနောက်လေတော့....taehyungက...

"Bossကိုကြောက်တာ ဆန်းမှမဆန်းတာဗျာ ဒီကောင်သေးမထွက်တာပဲ တော်သေးတယ်....ဟား..ဟား."
ဟုတ်တယ်..အရင်ကကောင်တွေဆုိ Bossကြည့်ရုံနဲ့ သေးထွက်နေပြီ...တကယ့်ကောင်တွေ ထိစရာရှားလို့ ဒီလူကိုမှရွေးထိတာကို...

"မလုပ်ပါနဲ့ဗျာ....တောင်း...တောင်းပန်ပါတယ်...အား!!!!.."

ရီသံကြားလေတော့ ချက်ချင်းတောင်းပန်လာတဲ့ကောင် သိပ်ကြောက်နေမှန်းသိသာတယ်...တောင်းပန်နေရင်း အသံကျယ်လေတော့...မီးရဲရဲတောက်နေတဲ့ ဆေးလိပ်နဲ့ အော်နေတဲ့ပါးစပ်ဖို့ ထိုးဖိလေတော့ ငယ်သံပါတဲ့အော်သံမျိုး...မထူးဆန်းတော့ပါ ကြားရရုိးနေပြီမို့....

"ဖြေစမ်း!!!!...မင်းကဘယ်ကကောင်လဲ....ဘယ်သူလွှတ်လိုက်တာလဲ...ဖြေ!!!..."

လုံးဝပြောင်းလဲသွားတဲ့အသံနဲ့ မျက်နှာထားဟာ နေရောင်ပါမှိန်သွားစေမယ့် တိမ်စိုင်တွေလို ညို့မှိုင်းလာခဲ့ပြီ....

"မဖြေဘူးလား....ရတယ်ေလ..."

ဒိုင်း....ဒိုင်း...

"အား!!!!!..."

သေနတ်ကိုဆွဲပြီး ခြေထောက်နှစ်ဖက်ထဲ ကျည်ဆန်နဲ့ဖြိုခွင်းလေတော့ ကျယ်လောင်တဲ့အသံဟာ ဂိုထောင်ထဲဟိန်းလို့ပေါ့....

"ပိတ်ထားတုန်းလား..ဟမ်!!!..."

"တောင်း...တောင်းပန်ပါတယ်...မသတ်ပါနဲ့..."

လုံးဝမဖြေ တုန်လှုပ်ပြီးကြောက်နေတာတောင် လုံးဝအဖြေမလာတဲ့ သစ္စာရှိလူတန်းစားလာလုပ်နေတော့...

"ဖြေမလား...မဖြေဘူးလား...နောက်ဆုံးပဲ..."

လေသံတင်းတင်းနဲ့မေးကာ နုဖူးကို ချိန်ထားတဲ့သေနတ် နောက်ဆုံးဆိုတဲ့ စကားဟာစနောက်နေတာမဟုတ်ခဲ့ဘူး....သကောင့်သားဟာလည်း မသတ်ဖို့သာတောင်းဆိုနေခဲ့တာ မေးသမျှဘာမဖြေခဲ့....

မောင့်အရိပ်Where stories live. Discover now