"Boss ရောက်လာပြီလား..."
ခါးညွှတ်လို့နူတ်ဆက်သူ ဘယ်လက်ရုံးKim Taehyung...
"ဟိုကောင်ဘယ်မှာလဲ...."
" အထဲမှာပါ..."
ဟိုကောင်ဆိုတာ Bossရဲ့စားကျက်ထဲ ကွက်ကျော်လာရိုက်တဲ့ကောင် မူးယစ်ဆေးနဲ့ဆားတွေကို အချိုးကျရောပြီးလာလိမ်တာ...အခုတော့Bossရဲ့လက်ထဲလုံးပါးပါးဖို့ အသက်ရယ်ကဖျော့တော့တော့ပေါ့...စမ်းစရှားလို့...
"ရေနဲ့ပတ်လိုက်..."
ခုံပေါ်မှာ သတိလစ်နေတဲ့ကောင် ငါ့ကိုကျော်ဖို့စဥ်းစားတဲ့သတ္တိကိုတော့ လေးစားမိပါတယ် မင်းမို့လို့မကြောက်မလန့်...
"ဟုတ်ကဲ့Boss.."
ရေနဲ့ပတ်လိုက်တော့ ရေမွန်းပြီးဝူးဝူးဝါးဝါးနဲ့နိုးလာတယ်...
"Yoongi...သူတို့မေးစမ်...ဘယ်ကကောင်လဲလို့..."
"ဟုတ်..Boss.."
ထိုင်ခုံမှာ ခြေထောက်ချိတ်လို့ ဆေးလိပ်ဖွာရင်း အရသာခံကြည့်ဖို့ စတင်လေတော့ ကိုယ်ကသူ့ရဲ့ဓားတစ်ချောင်းမို့ ခုတ်ဖို့ရာဇာတ်လမ်းစရပြီ....
"မင်းဘယ်သူလဲ....မင်းဘယ်သူလဲ...မေးနေတယ်လေ..!!!!"
ဟိုကောင်ကခပ်ထေ့ထေ့ပုံစံနဲ့ Bossကိုပဲကြည့်နေပြီ မေးသမျှ ဘာမှမဖြေ...ကျွန်တော်ကလည်းစိတ်သိပ်ရှည်တဲ့ထဲမပါဘူး...ဒေါသကထွက်လာလေတော့...
"ခွပ်.."
အားပြင်းလားမမေးနဲ့ လူရောခုံရော အတုံးအရုန်းပဲ....
"Wow..အဲ့လက်ဆကိုကြိုက်တာ ပြန်ထူလိုက်..."ဆိုတဲ့ ကျေနပ်နေတဲ့လေသံမျိုး....ဒီတစ်ခါတော့ Bossကိုယ်တိုင်ထလာပြီမို့ ရှောင်ရတော့မည်...
အနက်ရောင် coatကိုချွတ်ပြီး teahyungဆီပစ်ပေးလိုက်ကာ အင်္ကျီကိုကြယ်သီးနှစ်လုံးလောက်ဖြုတ်ကာ လက်တွေခေါက်တင်လိုက်တဲ့အခါ အသားဖြူဖြူပေါ်က အနက်ရောင်ဆေးသားတွေက ပိုလို့ထင်းကြွလာကာ နတ်ဆိုးအသွင်ကိုထောက်ပံသည့်သလား...
"မင်းက ငါ့ကိုကွက်ကျော်ရိုက်တယ်...ဟက်...ဟုတ်လား..."
တစ်လုံးချင်းစီ ပြတ်သားလွန်းတဲ့လေသံကြောင့် တိတ်ဆိန်နေတဲ့ဂိုထောင်ဟာ ခြောက်ခြားဖွယ်ကောင်းလှသည်...
ဆေးလိပ်ကိုပြာအနည်းငယ် ခါချပြီး ခုံပေါ်ခြေတစ်ဖက်တင်ပြီး သကောင့်သားအား ငုံကြည့်ရင်းမေးလာလေတော့...ခပ်ထေ့ထေ့တောင်မကြည့်နိုင်တော့တဲ့ကောင် တုန်လှုတ်ခြောက်ခြားနေမှာအသေချာပဲ....
