လမ်းအကျယ်ကြီးရှိနေပါရက်နှင့်ပင် မရည်ရွယ်သလိုလို ၊ တမင်တကာလိုလိုဖြင့် မိမိနဲ့ ပူးပူးကပ်ကပ်လမ်းလျှောက်နေသည့် ကုန်းကျွင့်ကို ကျယ်ဟန့်တစ်ယောက် စိတ်ကသိကအောက်ဖြစ်နေသော်ငြား စကားတစ်ခွန်းမှတော့ မဆိုမိ။

"အရမ်းလှတာပဲ"

အူလှိုက်အသည်းလှိုက် အားရပါးရဆိုလာတဲ့မတိုးမကျယ်စကားသံကြောင့် ဘေးဘက်ဆီလှည့်ကြည့်မိတော့ မိမိမျက်နှာကို ကြည့်နေတဲ့ တောက်ပပမျက်လုံးတစ်စုံနှင့် အကြည့်စုံသွားရသည်။

"ဘာရယ်?"

"ကောင်းကင်ကြီးကလေ...အရမ်းလှတာပဲလို့"

"အော်...အင်း"

ကျယ်ဟန့်က လေသံပြုကာခွန်းတုံ့ပြန်လိုက်ပြီးနောက် ကောင်းကင်ကြီးဆီ မော့ကြည့်မိလိုက်၏။ သို့ပေမဲ့ ကောင်းကင်ကြီးဆီမှာရှိနေတဲ့သူ့ရဲ့အကြည့်တွေက ဘေးဘက်ကနေ ထပ်မံထွက်ပေါ်လာတဲ့စကားသံကြောင့် ထိုအသံပိုင်ရှင်ရှိရာဆီ ရွေ့လျားသွားရပြန်သည်။

"ကျွန်တော်က အဲဒီ့ကောင်းကင်ကြီးကိုပြောနေတာမဟုတ်ဘူး"

"......"

"ဟန့်ဟန့်ရဲ့မျက်လုံးထဲက ကောင်းကင်ကြီးကိုပြောနေတာ...ကြယ်တွေတလက်လက်နဲ့ အရမ်းလှတာပဲလို့"

"......မင်း!"

လမ်းမီးရောင်ဝါထိန်ထိန်အောက်က ကျယ်ဟန့်ရဲ့နားရွက်ပါးပါးလေးတွေကို နီမြန်းစေခဲ့တဲ့ တရားခံဖြစ်လေသူ ကုန်းကျွင့်ကတော့ မသိနားမလည်ဟန်ဆောင်ကာဖြင့် အမေးဆိုလိုက်သေးသည်။

"ဟင်? ဘာဖြစ်လို့လဲ?"

အလှလေးက အနေခက်စွာနဲ့ပဲ ကုန်းကျွင့်ထံ ခပ်ပြတ်ပြတ်စကားဆို၏။

"ပေါက်တတ်ကရတွေပြောမနေနဲ့...မင်းရဲ့ အဲဒီပရောပရီစကားတွေကို ငါ့ဆီလာပြောနေလဲ အသုံးမဝင်ဘူး"

ကုန်းကျွင့်ကတော့ အလှလေးရဲ့စကားပြောပုံလေးကို အသည်းယားလွန်းလို့ မထိန်းနိုင်မပြုနိုင်ဖြင့် အသံထွက်သည်အထိ ရယ်မောလိုက်မိသည်။

"အသုံးမဝင်ဘူးတဲ့လား? မဖြစ်နိုင်တာ...ကျွန်တော်ကြည့်ရသလောက်တော့ အပြည့်အဝကိုအသုံးဝင်နေသလိုပဲနော်"

302 (Completed)Where stories live. Discover now