သာမာန်အခြေအနေများ၌ သင့်အသက် ၁၈ နှစ်မှာ တွဲ​နေတဲ့သူ တပုံတပင်သာရှိလျှင် ​ခြေထောက်​တွေ ရိုက်ချိုးခံရမည် ဖြစ်သည်။

အဖေစု: " ငါတို့ စုမိသားစုက အသုံးမကျတဲ့လူတွေကို မထောက်ပံ့ဘူး။ မင်းတက္ကသိုလ်မတက်နိုင်ရင် မင်းလက်ထပ်ရမယ်"

စုလင်း အဖေစု အရမ်း​ရှေးရိုးစွဲတာပဲ လို့ ခံစားလိုက်ရပြီး ပြန်​ဖြေလိုက်သည်။

"ကျွန်​​တော် တက္ကသိုလ် တက်မှာ"

စုလင်းက ယုံကြည်မှုအပြည့်နဲ့ပြော​နေခဲ့​သော်လည်း စင်စစ်​တော့ သူ မ​သေချာ​လှပေ။ အဆုံးသတ်မှာ​တော့ သူ ဒီမှာ စာ​မေးပွဲက ဘယ်လိုရှိလဲဆိုတာကိုလည်း နားမလည်​ပေမဲ့ အခြားပို​ကောင်းတဲ့ ​ရွေးစရာ နည်းလမ်း မရှိခဲ့ပါ​ချေ။

အဖေစုက သိသိသာသာပင် သူ့ကို မယုံ​ချေ။ သူက ဒေါသတကြီးနဲ့

"အချိန်ဆွဲဖို့ စဉ်း​တောင်မစဥ်းစားနဲ့၊ ဒီလိုလှည့်ကွက်တွေ အများကြီး ငါတွေ့ဖူးတယ်။ အချိန်လွန်တဲ့အထိ စောင့်ပြီးမှ အ​ခြေအ​နေမ​ကောင်းတဲ့ ​တွေ့ရာလူနဲ့ လက်ထပ်မလို့လား?။ စုမိသားစုကို မင်း မွေးစကနေ အိမ်ထောင်ကျတဲ့ အထိ အလှောင်ပြောင်ခံ​စေချင်တာလား?။ "

အဖေစုက ရုတ်တရက်ထရပ်လိုက်ပြီး

"မင်း ငါ​ပြောတာကို သဘောမတူရင် ငါ့သား လို့ဘယ်သူ့ကိုမှ မပြောနဲ့။"

အဖေစုက ဧည့်ခန်းထဲမှ ဒေါသတကြီးထွက်သွားပြီးနောက် ကျောင်းဟန်ရဲ့မျက်နှာထားက သိသိသာသာကိုရွှင်လန်း​နေဟန်ဖြင့် စုလင်းကိုကြည့်ကာ

"မင်း..၊ မင်း ဘာလို့ ဒီလောက် နာခံမှုမရှိတာလဲ?။ မင်းအဖေက မင်း​ကောင်းကျိုးအတွက် လုပ်တာပဲ!"

စုလင်း သူ့ရဲ့မျက်ခွံများကို အနည်းငယ် မြှင့်တင်လိုက်ပြီး သူရဲ့အမူအရာက အေးစက်လာသည်။

"အိုး..တကယ်လား။ အဲ့ဒါဆို စု​အောင်း အသက်၁၈နှစ်ပြည့်ရင်​ကော ခင်ဗျားက သူ့အတွက် စနစ်​ တွဲဖက်မှုကို ​လျှောက်​ပေးမှာ​ပေါ့?

စု​အောင်းက ထခုန်လိုက်ပြီး

"ငါ မ​လျှောက်ဘူး!။ ငါက မင်းမဟုတ်ဘူး။ ငါကတက္ကသိုလ် ဝင်ခွင့်ရမှာ။ "

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now