အင်း...မင်းနာရင်ငါလည်းနာတယ်။ ဘယ်လိုတွေကြောင့်လည်းသေချာမသိပေမယ့် ဒီကလေးကိုသူကဘဲကာကွယ်ပေးချင်သည်။ မိုးလင်းကနေမိုးချုပ်တစ်ဘုန်းပြည့်တည်းဘုန်းပြည့်နေတဲ့သူ့ရဲ့စိတ်အစဉ်ကိုလည်းနားမလည်နိုင်အောင်ပင်။ ငယ်ငယ်ကညီလေးကိုဆုံးရှုံးဖူးထားတော့ယခုဒီကလေးတစ်ခုခုဖြစ်သွားမှာကိုကြောက်နေတာဘဲဖြစ်ရမည်။

စပ်နေမည်မှန်းသိ၍ ဒဏ်ရာတစ်ဝိုက်လေအေးအေးလေးမှုတ်ပေးလိုက်တော့ ညီလေးကမျက်ရည်လေးဝဲပြီးကြည့်လာ၏။

"နောက်ဆိုတွေ့ကရာအကောင်လျှောက်မကိုင်နဲ့ အန္တရာယ်ဖြစ်တာမြင်ပြီလား"

"ဟုတ်..."

ပြောလိုက်ရင်တော့ ဟုတ်...လုပ်လိုက်ရင်တလွဲ။

============================

"မြေးကြီး...မြေးငယ် ‌! ထမင်းစားမယ်"

ထမင်းစားခန်းထဲမှဘွားမှုံအသံကြောင့် အိမ်စာလုပ်နေရာမှအတင်းကုန်းထပြီးလုံးလုံးလုံးလုံးပြေးထွက်သွားသူနောက်ထလိုက်သွားရင်းမှ ချော်မလဲစေရန်သတိပေးရပါသေး၏။

"ဖြည်းဖြည်းသွား ... လဲမယ်"

ဘုန်းပြည့်ချမ်းဟန် တို့ကအစားအသောက်အသံကြားရင်လျှပ်စီးကိုလက်နေတာဘဲ။ စားသလောက်ဖောင်းကားနေတဲ့ပါးတွေကလည်းမညှစ်ရမနေနိုင်အောင်အူယားဖို့ကောင်းနေရော...။

"ဖွားမှုံ ဘာဟင်းချက်..."

"ဖွားမှုံကဒီနေ့ ပဲရေပွနှပ်ရယ် မုန်လာပင်ပေါက်အချဉ်ရည်ဟင်းရယ် ငါးဖယ်ဆီပြန်ရယ် ဖရုံညွန့်ကြော်ရယ် ငါးပိရည်တို့စရာရယ်လုပ်ထားပါတယ်ရှင်"

"ပဲနှပ်သားအရမ်းကြိုက်"

"ဟုတ်ပါပြီ ကြိုက်ရင်အများကြီးစားပေါ့ မြေးငယ်လေးရဲ့"

ထမင်းစားခန်းထဲ‌ရောက်နှင့်နေပြီဖြစ်တဲ့ ဦးမြတ်ဟန်တို့ဇနီးမောင်နှံလည်းအိမ်ဆည်းလည်းလေးကိုပြုံးပြီးသာကြည့်နေကြလေ၏။ အသားငါးသိပ်မစားဘဲ အရည်သောက်နှင့်ပဲအမျိုးမျိုး အသီးအရွက်တို့ကိုသာခုံမင်သောဘဤကလေး၏အကြိုက်များသည် ချစ်ရတဲ့မေ,၏အကြိုက်များနှင့်တူလှပါ၏။မေ,ကသားငယ်ပန်းကန်တဲ့ပဲရေပွနှပ်များခပ်ထည့်ပေးနေချိန် သားကြီးဝင်လာပြီး...

ဘုန်းပြည့်ချမ်းဟန် (Complete)Where stories live. Discover now