Chapter - 2 (U+Z)

Start from the beginning
                                    

မှတ်ချက်။ ဤ​လျှောက်လွှာသည် မိမိ ဆန္ဒအလျောက်ဖြစ်​သောမူဝါဒကိုသာ လက်ခံသည်။ထို့ကြောင့် ကျေးဇူးပြု၍ လက်​ရေးဖြင့် လက်မှတ်​ရေးထိုးပါ။ သက်ဆိုင်ရာဌာနသည် စစ်မှန်မှုစစ်ဆေးခြင်းကို ပြုလုပ်ပါမည်။ ၎င်းအချက်အလက်တို့ မှန်ကန်ကြောင်း အတည်ပြုပြီးနောက် ကျွန်ုပ်တို့သည် သင့်အတွက် သင့်တော်သော လက်တွဲဖော်နှင့် စတင် တွဲဖက်​ပေးပါမည်။

လက်ထပ်မှုနေရာချထား​ရေး?

စုလင်း ထိုအမျိုးသမီး၏စကားများကို ပြန်​တွေးကြည့်သောအခါ သူမက ဘယ်သူမှ သူ့ကိုလက်မထပ်ချင်ကြ​သော​ကြောင့် ဤ လက်ထပ်မှု​နေရာချထား​ရေးကို ​လျှောက်ကို​လျှောက်ရမယ်လို့ ​ပြောခဲ့သည်။

ဒါပေမယ့် သူက အရမ်းငယ်သေးတယ်​လေ!  ပြီးတော့ ​ယောကျာ်းတစ်​ယောက်​လေ ...

မဟုတ်​သေးဘူး။ ဒီလို လုပ်လို့မရဘူး။

Omega များအတွက်သာ ဟူသည့် ညာဘက်အ​ပေါ်​ထောင့်ရှိ စာ​ကြောင်း​လေးကို သူ့အကြည့်က​ရောက်သွားသည်။ သူ ဒီစကားလုံးနဲ့ ပတ်သက်သည့် ဝတ္ထုကို မကြာခင်ကပဲ ဖတ်ပြီးခဲ့တာ​ကြောင့် ဒီစကားလုံးကို သိပ်မစိမ်းပါ​ချေ။

စာရေးသူက စုလင်းရဲ့စိတ်ကူးယဉ်နတ်ဘုရားကိုရေးဖွဲ့ခဲ့​သော​ကြောင့် သူက စာရေးသူကို ချစ်စရာကောင်း​သော မှတ်ချက်များ၊လက်​ဆောင်များပို့​ပေးခဲ့သည်။ သို့​သော် ​​နောက်ပိုင်း ဝတ္ထုထဲတွင် ထိုနတ်ဘုရားကို သေဆုံးသွား​စေခဲ့သောကြောင့် စာရေးသူကို မ​ကောင်းတဲ့မှတ်ချက်​တွေ တစ်ပုံတစ်ပင် ပို့ခဲ့သည်။

Omega ဟူသည် ABOကမ္ဘာ​တွင် တည်ရှိသည်။ ထိုလောကတွင် လူတို့သည် အမျိုးသား Alpha၊ Beta၊ Omega နှင့် အမျိုးသမီး Alpha၊ Beta၊ Omega ဟူ၍ လိင်အမျိုးအစား ၆မျိုး ရှိသည်။  ရိုးရိုးရှင်းရှင်းပြောရလျှင် အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊ Alpha သည် Gongဖြစ်​ပေသည်။ ကိုယ်ဝန်မရနိုင်​ပေ။ Beta က Gong​ကော၊Shou​ကော ဖြစ်နိုင်သည်။ သို့သော်ငြား သူတို့ရဲ့ က​လေးမွေးဖွားနိုင်သည့်ရာခိုင်နှုန်းက မမြင့်ပါ​​ချေ။ Omega သည် စစ်မှန်​သော Shou ဖြစ်ပြီး က​လေး​မွေးဖွားနိုင်နှုန်း အမြင့်ဆုံး ဖြစ်သည်။ Betaများသည် လူဦးရေအများဆုံး ဖြစ်ပြီး Alpha နှင့် Omegaများက​တော့ အလွန်ရှားပါးလှ​ပေသည်။ Alphaအ​ရေအတွက်သည် Omega ထက်ပိုများပြီး အုပ်စု၃ခုတွင် အသန်မာဆုံး ဖြစ်သည်။ Omega သည် အင်အားအရာ၌ အားအနည်းဆုံးဖြစ်သည်။

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now