ဒါက သူ့လက် မဟုတ်ဘူး! သူရဲ့လက်များသည် ဤကဲ့သို့ အရောင်ဖျော့ဖျော့နှင့်နူးညံ့ညံ့ မဟုတ်​ပေ။

သူသည် လူနာ​ဆောင်ထဲမှ အမြန်ပြေးသွားပြီးတံခါးနားမှာ ခဏရပ်လိုက်သည်။ ထို့​​နောက် သူ လုံးဝ မဆိုင်းမတွဘဲ ဘယ်ဘက်ကိုပြေးသွားလိုက်တယ်။သူ့ရဲ့ရှေ့ ညာဘက်မှာ ထောင့်ချိုးတစ်ခု ရှိသည်။ အား​ကောင်း​သော နေရောင်ခြည်ထုကြီးသည် ထိုညာဘက်စင်္ကြံ မှ ဖြာထွက်နေသည်။

သူအခု နေရောင်ခြည် လိုအပ်တယ်။

အရှိန်ကိုမြှင့်​ပြေးလိုက်ရင်း ထို အလင်း​ရောင်ဖြာကျ​နေ​သော ဧရိယာကို ​ငေးကြည့်​နေမိသည်။ သို့​သော် သူ ​ထောင်ချိုး အ​ကွေ့နား မ​ရောက်မီ တစ်ဖက်မှ တစ်စုံတစ်​ယောက် ချဉ်းကပ်လာသည်ကို သူမြင်လိုက်ရသည်။ ​​အော်သံတစ်ခုနှင့်အတူ စုလင်း သူ့ခန္ဓာကိုယ်ကို ဘယ်ဘက်သို့ ယိမ်းကာ တစ်ဖက်လူကို ရှောင်လွှဲလိုသော်လည်း ​ပြေးလာသည့် အရှိန်ကြောင့် သူ၏ခြေလှမ်းတို့သည် ရှေ့သို့တက်သွားပြီး သူ၏ခန္ဓာကိုယ်သည် ညာဘက်သို့ ပြိုလဲသွားသည်။ သူ အထိတ်တလန့်၊ သတိလွတ်သွားပြီး သူတိုက်မိလုနီးပါးပင် ဖြစ်သွား​သောထိုသူအား လှမ်းဆွဲလိုက်မိသည်။

ထိုလူက စုလင်းရဲ့လက်ကို သူ့လက်တစ်ဖက်နဲ့ဖမ်းလိုက်ပြီး ခါးကို အခြားလက်တစ်ဖက်နဲ့ ထိန်းကာ စုလင်းကို သူ့ရင်ခွင်ထဲမှာ ခိုင်မြဲစွာ ဖက်ထားလိုက်သည်။ ထိုလူက အခိုက်အတန့်ခဏ​လေးအတွင်းမှာပဲ သူ၏လက်ကို ချက်ချင်းလွှတ်လိုက်ပြီး တည်ငြိမ်ကာ သာယာသောအမျိုးသားအသံ ထွက်လာသည်။

"သတိထားပါ"

"ဟိစ့် ... "(T/n -နာလို့​အော်မိတဲ့အသံကွာ။Hiss ဆိုတဲ့ အသံ)

စုလင်း နာကျင်မှုကြောင့် ဘယ်ဘက်လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်မိပြီး ထိုအသံပိုင်ရှင်ကို အသိအမှတ်ပြုရန် အချိန်မရှိလိုက်ပေ။

တကယ် နာလှသည်။

သူ့လက်ကောက်ဝတ်ကို ပိတ်ကျဲစတစ်လွှာဖြင့်ဖုံးအုပ်ထားသည်ကို သတိပြုမိလိုက်ကာ ထိုလက်များကို ဖုံးကွယ်လိုက်ပြီး သူ့မျက်နှာသည်လည်း ပို၍​ဖျော့​တော့လာသည်။

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now