ရှုဟန်ယွီက သူ့ခန္ဓာကိုယ်ကိုရွှေ့လိုက်ပြီး ခေါင်းကိုမြှင့်ကာ မိန်းမပျိုလေးကိုကြည့်လိုက်သည်။

ရှုကျင်ထျန်းက သတိလက်လွတ်ဖြင့် တစ်ဖန်ပြန်လည်အိပ်ပျော်သွားခဲ့သည်။ သို့သော်သူသည် အလွန်အိပ်မပျော်ခဲ့ ပေ။ သူ၏ခန္ဓာကိုယ်အား တစ်ခုခုကလာထိနေသလို ခံစားလိုက်ရသည်။

ရှုကျင်ထျန်းသည် သူ၏မျက်လုံးများကိုဖွင့်လိုက်သောအခါ ကြီးမားသောမျက်နှာတစ်ခုကို ချက်ချင်းတွေ့လိုက်ရသည်။ မြစိမ်းရောင်မျက်လုံးများသည် သူ့ဆီကိုဆက်လက်ချဉ်းကပ်နေဆဲဖြစ်သည်။ သူ၏အနည်းငယ်ကွဲနေသောနှုတ်ခမ်းများကို အေးမြသော ခက်ရင်းခွသဏ္ဍာန်လျှာက စုပ်ယူလိုက်မှသာ ရှုကျင်ထျန်းက ရုတ်တရက်လန့်နိုးလာသည်။

“မင်းနိုးပြီလား...ဂွတ်မောနင်း!"

ရှုကျင်ထျန်းက ထိုသို့ပြောပြီး ပျင်းရိစွာဖြင့်ခါးကိုဆန့်ကာ ရှုဟန်ယွီ၏ ဆန့်ထွက်လာသောလျှာကို ရှောင်ဖယ်လိုက်သည်။

"အင်း! ထျန်းထျန်း ဗိုက်ဆာလား။ ကိုယ်မင်းအတွက် စားစရာတစ်ခုခု သွားယူပေးမယ်"

ရှုဟန်ယွီက ရှုကျင်ထျန်း၏ခါးကို လက်ဖြင့်ဖျစ်ညှစ်လိုက်သည်။ မိန်းမပျိုလေး၏ ခန္ဓာကိုယ်သည် နည်းနည်းမှကြီးမလာဘဲ သေးသွယ်နေသည်။ မိန်းမပျိုလေးက အစားစားတာ အရမ်းနည်းတာမို့ သူ့ကိုဒီထက်ပိုကျွေးသင့်သည်။

ရှုကျင်ထျန်း၏မျက်လုံးများက အရောင်တောက်လာပြီး ခေါင်းကိုအကြိမ်ကြိမ်အခါခါငြိမ့်လိုက်သည်။
“ဟုတ်တယ်...မြန်မြန်သွား...ငါမင်းကို စောင့်နေမယ်"

ရှုဟန်ယွီက ရှုကျင်ထျန်းရဲ့မေးစေ့ကို ဖျစ်ညှစ်လိုက်ပြီးမရမကပြောလိုက်သည်။
"အတူတူသွားမယ်...မင်းစားချင်တာ ကိုယ်ဖမ်း ပေးမယ်"

"မဟုတ်ဘူး။ ငါမင်းကို အိမ်မှာစောင့်မယ်လေ...အာ့!"

ရှုကျင်ထျန်းစကားမဆုံးသေးပေ။ မေးစေ့ကိုဖျစ်ညှစ်ထားတဲ့ ရှုဟန်ယွီက ရုတ်တရက်အားသုံးလာတာကြောင့် ရှုကျင်ထျန်းက နာကျင်လှသဖြင့် မျက်နှာကိုရှုံ့တွပစ်လိုက်သည်။

မြွေသားရဲ၏ဇနီးသည် 【MM Translation】Where stories live. Discover now