မနက်ခင်းတိုင်းဖေကြီးကိုနုှတ်ဆက်ရသည်က သူ့ရဲ့အလုပ်တစ်ခု ၊ နေ့တိုင်းတွေ့နေရတဲ့လူတွေကိုအပိုလုပ်နေကြတယ် ပြောလည်းဒါကအပိုမဟုတ်။​သူ့အတွက်တော့အကျင့်ကောင်းတစ်ခုဖြစ်နေပြီဖြစ်သည်။မွေးကတည်းကဆုံးသွားတဲ့အမေအစား ဖခင်ဖြစ်သူကိုပိုချစ်ပြီးပိုဂရုစိုက်ဖြစ်သည် ။အခုလည်းဖေကြီးစိတ်ချမ်းသာဖို့အတွက် သူတစ်ဘဝလုံးပေးရမည် ။တစ်ဦးတည်းသောဆွေမျိုးဖြစ်တဲ့ ဖေကြီးစိတ်ချမ်းသာဖို့ကသူ့အတွက်အရေးကြီးသည် ။

"သားလက်ခံပါတယ် မင်္ဂလာကိစ္စကိုတော့ဖေကြီးအဆင်ပြေသလိုစီစဉ်လိုက်ပါ"

ကိုယ့်စကားကြောင့်အနည်းငယ်အ့ံ​ဩသွား
ပုံရတဲ့ဖေ​ြကီးကတစ်ဆက်တည်း ပျော်ရွှင်သွားသည့်ပုံကြောင့်သူဒီစေ့စပ်ပွဲကိုနောင်တရတော့မည်မဟုတ်။

"ခွန်းကသိပ်လိမ္မာတာ မပူပါနဲ့ ဒီတစ်နှစ်ပြီးတာနဲ့စေ့စပ်ပွဲကိုဖေကြီးကိုယ်တိုင်ဖျက်ပေးမယ်"

သူ့ကိုအားနာသလိုပြောလာတဲ့ဖေကြီးကြောင့် သူဘာမှပြန်မပြောဖြစ်တော့ပေ ။ ကိုယ်လည်းသူ့ကိုအားနာသလိုပြောပြီးထားခဲ့ရသည်မဟုတ်လား ၊ သုံးနှစ်ကြာတွဲလာတဲ့နှင်းပွင့်က သူလက်ထပ်မည်ဟုစိတ်ကူးထားသည့်သူ့ရဲ့အနာဂတ်သတို့သမီးလောင်း ။အခုတော့ဖေ
ကြီးနဲ့အချစ် ဖေကြီးကိုသာရွေးခဲ့သည် ။ဒီကိစ္စကြောင့်သူနောင်တမရပေမယ့် တစ်ဖက်မိန်းကလေးကိုတော့သူတကယ်အားနာခဲ့ရသည် ။

"ဒါဆိုခွန်းအရင်သွားနှင့်မယ်နော် ဖေကြီး"

မနက်စာမစားပဲထသွားတဲ့သားဖြစ်သူကို ပြန်မခေါ်မိတော့ပေ ။ အမြဲတမ်းဖခင်ဖြစ်သူမျက်နှာကိုသာကြည့်ခဲ့သည့်သားဖြစ်သူက အခုလည်းဖခင်ကြောင့်​ေယာကျာ်းလေးတစ်ယောက်နဲ့စေ့စပ်ရတော့မည်။

သားကသူ့အမေ 'ခွန်းမမ'နှင့်သိပ်တူသည်။
မမကသူ့ထက်အသက်ကြီးပေမယ့် အမြဲတမ်းသူ့ကိုလေးလေးစားစားဆက်ဆံတတ်သည် ။သူအရမ်းချစ်ရတဲ့မမက မသေခင်တောင်သူ့အတွက်သားဖြစ်သူ
'ခွန်းလက်ယာ'ကိုထားပေးခဲ့သေးသည် ။ 'ငယ်သောသား ၊ကြီးသောအား'ဆိုသည့်အတိုင်း သားဖြစ်သူကအရွယ်ရောက်လာလေ သူ့အတွက်အားဖြစ်လေဖြစ်သည် ။

ေမာင့္လက္ယာ(မောင့်လက်ယာ){completed} Where stories live. Discover now