ရှုဟန်ယွီက ရစ်ပတ်ရတာကိုကြိုက်တာမို့ အဲ့ဒီအရာကိုဂရုစိုက်တာဖြစ်နိုင်သည်။ ဒါပေမယ့် အဲ့ဒီအရာက သူကိုယ်တိုင်ဖြစ်နေတာပဲ။ ဒီအဖြစ်အပျက်မှာ ပါဝင်ပတ်သက်သူတစ်ဦးရဲ့ ရှုထောင့်မှကြည့်ပြီး ရှုကျင်ထျန်းသည် မြွေကြီးကသူ့ကို အတော်လေး ကောင်းကောင်းမွန်မွန်ဆက်ဆံကြောင်း ရုတ်တရက်ခံစားလိုက်ရသည်။

ဒါပေမယ့် ဘယ်သူက ဖက်ခေါင်းအုံးဖြစ်ချင်နေလို့လဲ။ ဘာပဲဖြစ်ဖြစ် သူမလိုချင်ဘူး။ ရှုကျင်ထျန်း၏ မျက်လုံးအိမ်အတွင်း၌ မျက်ရည်စလေးများပင် ငွေ့ရည်ဖွဲ့လာခဲ့၏။

ရှုကျင်ထျန်းက သူ့လက်ကိုလျင်မြန်စွာဆွဲယူကာ နောက်ကျောသို့ဝှက်ထားလိုက်ပြီး အနည်းငယ်အဆင်မပြေစွာပြုံးလိုက်သည်။ ထို့နောက်သူသည် မြွေကြီးနှင့်ပိုမိုနီးကပ်သွားပြီး သူ၏အေးမြသောနှုတ်ခမ်းကို ညင်သာစွာဖိကပ်စုပ်ယူလိုက်သည်။

ရှုဟန်ယွီသည် မိန်းမပျိုလေး၏နာခံမှုရှိသောလျှာကို ရစ်ပတ်ငုံထွေးရန် သူ၏လျှာဖျားလေးကိုအသုံးပြု၍ နှုတ်ခမ်းများကိုဖွင့်ဟလိုက်သည်။

ရှုကျင်ထျန်း၏ နောက်ကျောတွင်ဝှက်ထားသောလက်ဖြင့် သူ၏နောက်ကျောကို ပွတ်သပ်လိုက်သည်။ ဘုရားရေ! ဒါက အရမ်းနာတယ်။ သူ့လက်ချောင်းတွေပြတ်ထွက်တော့မယ်! သောက်ကျိုးနည်း အခွံအစုတ်ပလုတ် ဒီလောင်ဇီကမင်းကို ဘယ်လိုစားပစ်မလဲဆိုတာကို ကြည့်ထားလိုက်!

ရှုကျင်ထျန်းသည် ရှုဟန်ယွီ၏နှုတ်ခမ်းများနှင့်ခွာလိုက်ပြီး နှစ်ခြမ်းကွဲနေပြီဖြစ်သော သနားစရာအခွံကိုကြည့်လိုက်သည်။ အစေးများနှင့်နူးညံ့သောအသားများသည် အခွံနှစ်ခုအ  ပြင်တွင်ပြန့်ကျဲသွားပြီး သင့်တော်သောအစုအဖြစ် ဖွဲ့စည်းနိုင်ခြင်းပင်မရှိချေ။

အလွန်ရုပ်ဆိုးသောကြောင့် ၎င်းကိုစားလို့ပင်ရနိုင်ပါ့မည်လား? ရှုကျင်ထျန်းသည် အနည်းငယ်သံသယ၀င်ခဲ့သော်လည်း သူ၏ဒေါသကိုတစ်နည်းနည်းဖြင့် ထုတ်ပြခဲ့သည်။

ရှုကျင်ထျန်းသည် အခွံမာသတ္တဝါလေးကို ပုတ်လိုက်လေ၏။ ပိုမိုနူးညံသောအသားကို ခံစားလိုက်ရသဖြင့် ၎င်းကိုဆွဲထုတ်ပစ်လိုက်ချင်သည်။

မြွေသားရဲ၏ဇနီးသည် 【MM Translation】Where stories live. Discover now