တစ်ယောက်ယောက်ကငါ့အပေါ်ကြင်နာပြတိုင်းမင်းကိုပဲပြေးမြင်နေတာပင်ပန်းတယ်။
ဟုတ်တယ် ဂျွန်ဂျောင်ကု။မင်းကြောင့်
ငါသိပ်ပင်ပန်းတယ်။မင်းမရှိလို့ပိုပင်ပန်းတယ်
ဆိုတာကိုတော့ထယ်ယောင်း၀န်မခံချင်ပါ။

"ဟား....အရမ်းမုန်းတယ် မင်းကို!
အရမ်းလဲချစ်နေမိတော့ ငါ့ကိုယ်ငါလဲ
စိတ်ပျက်တယ် အရမ်းပဲ!"

ရင်ထဲရှိတာတွေထုတ်ပြောလိုက်ရတော့
နည်းနည်းနေသာထိုင်သာရှိသွားသလို။
ပေါ်မလာနဲ့ တသက်လုံးပျောက်သွားလိုက်တော့
အဲ့လိုဆိုရင်တော့မေ့လို့ရလောက်မယ်။
ပျောက်သွားလက်စနဲ့ထပ်မပေါ်လာနဲ့
ဂျွန်ဂျောင်ကု!

-royal camellia-

ကြွေပြားတွေခင်းထားတဲ့Hall wayတစ်လျှောက်
ဖိနပ်တတောက်တောက်။သေချာတိုက်ထားမှန်း
သိသာအောင်ပြောင်လက်နေတဲ့ဖိနပ်အမည်းကို
၀တ်ဆင်ထားတဲ့ဂျွန်ဂျောင်ကု။

"Jeon Groupကလူကြီးမင်းရောက်လာပါပြီ"

"၀င်လာခိုင်းလိုက်"

အခန်းတံခါးဖွင့်လိုက်တာနှင့်၀င်လာတဲ့
လူငယ်တစ်ဦးမှာလွန်ခဲ့တဲ့တစ်နှစ်လောက်ကသူ
တွေ့ခဲ့တဲ့ကလေကချေပုံနှင့်ကွဲပြားလို့နေသည်။
ရင်အုပ်ကျယ်ကျယ်ကြောင့်၀တ်ထားတဲ့
Fit size shirtကပိုကြည့်‌ေကာင်းနေသယောင်။
Shirtအဖြူသန့်သန့်ကိုမှnecktieမ၀တ်ပဲ
လက်ခေါက်ထားတဲ့ပုံနဲ့တင်လူကြီးလူကောင်း
ဆန်လှတဲ့ဂျွန်ဂျောင်ကု။

"ကြိုဆိုပါတယ် ထိုင်ပါအုံး မောင်ရင်ဂျောင်ကု"

"အဟင်း..."

ခပ်ရွဲ့ရွဲ့ပြုံးကာဆိုဖာပေါ်၀င်ထိုင်လိုက်သည်။
ခြေထောက်ချိတ်ထိုင်နေတဲ့ဂျောင်ကုရဲ့
အရှိန်အဝါကမြင့်မြားလှသည်။

"ဆိုတော့...ကျွန်တော်တို့ကြားက
သဘောတူညီမှုလေးကိုMr.Kimမမေ့ဘူးလို့
မျှော်လင့်ပါတယ်"

"သေချာပေါက်မမေ့ဘူးပေါ့ကွာ
တစ်နှစ်အတွင်း ‌ေမာင်ရင်လုပ်နိုင်ခဲ့ပါတယ်
မောင်ရင့်ရဲ့ကြိုးစားမှုကို အန်ကယ်
Appreciateလုပ်ပါတယ်"

"Appreciateလုပ်တာနောက်ထားပါ
သဘောတူညီမှုအကြောင်‌းလေးပြောကြရင်
မကောင်းဘူးလားMr.Kim အာ ဒါမှမဟုတ်
အဖေလို့ပြောင်းခေါ်ရေတာ့မလား ဟင်းဟင်း"

royal camellia | taekook [com]Where stories live. Discover now